DVB Logo
Home
နိုင်ငံရေး
၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီတခုတည်း အစိုးရ ဖွဲ့နိုင်ရန် ခက်ခဲမည်ဟု သူရဦးရွှေမန်း ပြော
DVB
·
August 5, 2019
၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီတခုတည်း အစိုးရ ဖွဲ့နိုင်ရန် ခက်ခဲမည်ဟု သူရဦးရွှေမန်း ပြော
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီတခုတည်းက Landslide နိုင်ပြီး အစိုးရဖွဲ့နိုင်ဖို့ ခက်ခဲမှာဖြစ်သလို မဲတွေ ပြန့်ကွဲသွားနိုင်တယ်လို့  ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။

သြဂုတ် ၄ ရက်နေ့က နေပြည်တော်ရှိ ပြည်သူ့ကောင်းကျိုးဆောင်ပါတီရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာပါ။

"သေချာသလောက်ရှိပါတယ်။ ၂၀၂၀ မှာ ပါတီတခုတည်းက Landslide နိုင်ပြီး အစိုးရဖွဲ့စည်းဖို့ တော်တော်ခက်ခဲတဲ့ သဘောရှိပါတယ်။ အဲဒီထဲမှာ တိုင်းရင်းသားတွေ ပြောပါတယ်။ တိုင်းရင်းသားပါတီတွေက ဦးဆောင်ပြီးတော့ အစိုးရဖွဲ့နိုင်မှာ မဟုတ်ဘူး ဆိုတာလည်း အမှန်ပါပဲ။ ဒါကြောင့်မို့ ဒီ Landslide မနိုင်ဘူးဆိုတဲ့အတွက် မဲတွေကလည်း ပြန့်ကွဲသွားမယ့် သဘောလည်း ရှိပါတယ်။ အကောင်းတွေလည်း ရှိပါတယ်၊ အဆိုးလည်း ရှိနိုင်ပါတယ်။ အဲလို ပြန့်ကွဲသွားတဲ့အခါမှာ ဒီပေါ်မူတည်ပြီးတော့ နိုင်ငံကောင်းအောင် ဘယ်လို လုပ်ရမလဲဆိုတာ တွက်ဆဖို့ လိုပါတယ်။"

ပြီးခဲ့တဲ့ အတွေ့အကြုံအရ တပါတီကနိုင်ပြီး တစ်ပါတီအာဏာရှင်စနစ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိတဲ့အတွက် ဒီလို ဖြစ်လာဖို့ ပြည်သူတွေအနေနဲ့ မလိုလားတဲ့သဘော ရှိတယ်လို့လည်း ပြောပါတယ်။

"ပြောရမယ်ဆိုရင် Check and balance ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အားနည်းသွားတယ်။ တဦး၊ တယောက်တည်း၊၊ တဖွဲ့တည်း အဆုံးအဖြတ်ဟာ အဓိကဖြစ်နေတယ်။ အဲလို အဆုံးအဖြတ်က တကယ် မှန်တယ်၊ ကောင်းတယ်ဆိုရင် တိုင်းပြည်အတွက်က ကောင်းတယ်။ သို့ရာတွင် မမှန်ဘူး၊ မကောင်းဘူး ဆိုလို့ရှိရင် တိုင်းပြည်မကောင်းနိုင်ဘူး။ အဲဒီအခါမှာ ကျန်တဲ့ အခြားပါတီတွေက သူတို့ကို နေရာမပေးဘူး၊ ညှိနှိုင်းမှုမရှိဘူး ဆိုရင်လည်း သူတို့ဘက်ကလည်း သိပ်ကြိုက်မှာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင်တော့ အသိအမှတ်မပြုဘူး ဆိုရင်လည်း သိပ်ကြိုက်မှာ မဟုတ်ဘူး။ ဒါတွေဟာ ရေရှည်မှာ စဉ်းစားပြီးတဲ့အခါမှာ သင်ခန်းစာယူပြီးတော့ နောင် ပါတီတွေ၊ ဖွဲ့လာတဲ့ အစိုးရတွေကလည်း ဒါတွေ အဓိကထားပြီး စဉ်းစားရမယ့် ကိစ္စတွေဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဒီမိုကရေစီဆိုတာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အများစုဆန္ဒကို လိုက်နာသလို အနည်းစုရဲ့ ဆန္ဒသဘောထားကိုလည်း လေးစားမယ်ဆိုရင် နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုလည်း ပိုကောင်းလာမယ် ထင်တယ်လို့ သူရဦးရွှေမန်းက ပြောပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#Zawgyi_version

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ပါတီတခုတည္း အစိုးရ ဖြဲ႕ႏိုင္ရန္ ခက္ခဲမည္ဟု သူရဦးေ႐ႊမန္း ေျပာ

ေနၿဖိဳးဝင္း

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ပါတီတခုတည္းက Landslide ႏိုင္ၿပီး အစိုးရဖြဲ႕ႏိုင္ဖို႔ ခက္ခဲမွာျဖစ္သလို မဲေတြ ျပန႔္ကြဲသြားႏိုင္တယ္လို႔  ပါတီဥကၠ႒ သူရဦးေ႐ႊမန္းက ေျပာပါတယ္။

ၾသဂုတ္ ၄ ရက္ေန႔က ေနျပည္ေတာ္ရွိ ျပည္သူ႔ေကာင္းက်ိဳးေဆာင္ပါတီ႐ုံးခ်ဳပ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာတာပါ။

"ေသခ်ာသေလာက္ရွိပါတယ္။ ၂၀၂၀ မွာ ပါတီတခုတည္းက Landslide ႏိုင္ၿပီး အစိုးရဖြဲ႕စည္းဖို႔ ေတာ္ေတာ္ခက္ခဲတဲ့ သေဘာရွိပါတယ္။ အဲဒီထဲမွာ တိုင္းရင္းသားေတြ ေျပာပါတယ္။ တိုင္းရင္းသားပါတီေတြက ဦးေဆာင္ၿပီးေတာ့ အစိုးရဖြဲ႕ႏိုင္မွာ မဟုတ္ဘူး ဆိုတာလည္း အမွန္ပါပဲ။ ဒါေၾကာင့္မို႔ ဒီ Landslide မႏိုင္ဘူးဆိုတဲ့အတြက္ မဲေတြကလည္း ျပန႔္ကြဲသြားမယ့္ သေဘာလည္း ရွိပါတယ္။ အေကာင္းေတြလည္း ရွိပါတယ္၊ အဆိုးလည္း ရွိႏိုင္ပါတယ္။ အဲလို ျပန႔္ကြဲသြားတဲ့အခါမွာ ဒီေပၚမူတည္ၿပီးေတာ့ ႏိုင္ငံေကာင္းေအာင္ ဘယ္လို လုပ္ရမလဲဆိုတာ တြက္ဆဖို႔ လိုပါတယ္။"

ၿပီးခဲ့တဲ့ အေတြ႕အႀကဳံအရ တပါတီကႏိုင္ၿပီး တစ္ပါတီအာဏာရွင္စနစ္ဆိုတဲ့ ေျပာဆိုမႈေတြ ရွိတဲ့အတြက္ ဒီလို ျဖစ္လာဖို႔ ျပည္သူေတြအေနနဲ႔ မလိုလားတဲ့သေဘာ ရွိတယ္လို႔လည္း ေျပာပါတယ္။

"ေျပာရမယ္ဆိုရင္ Check and balance ညႇိႏႈိင္းပူးေပါင္းေဆာင္႐ြက္မႈ အားနည္းသြားတယ္။ တဦး၊ တေယာက္တည္း၊၊ တဖြဲ႕တည္း အဆုံးအျဖတ္ဟာ အဓိကျဖစ္ေနတယ္။ အဲလို အဆုံးအျဖတ္က တကယ္ မွန္တယ္၊ ေကာင္းတယ္ဆိုရင္ တိုင္းျပည္အတြက္က ေကာင္းတယ္။ သို႔ရာတြင္ မမွန္ဘူး၊ မေကာင္းဘူး ဆိုလို႔ရွိရင္ တိုင္းျပည္မေကာင္းႏိုင္ဘူး။ အဲဒီအခါမွာ က်န္တဲ့ အျခားပါတီေတြက သူတို႔ကို ေနရာမေပးဘူး၊ ညႇိႏႈိင္းမႈမရွိဘူး ဆိုရင္လည္း သူတို႔ဘက္ကလည္း သိပ္ႀကိဳက္မွာ မဟုတ္ဘူး။ ေျပာရမယ္ဆိုရင္ေတာ့ အသိအမွတ္မျပဳဘူး ဆိုရင္လည္း သိပ္ႀကိဳက္မွာ မဟုတ္ဘူး။ ဒါေတြဟာ ေရရွည္မွာ စဥ္းစားၿပီးတဲ့အခါမွာ သင္ခန္းစာယူၿပီးေတာ့ ေနာင္ ပါတီေတြ၊ ဖြဲ႕လာတဲ့ အစိုးရေတြကလည္း ဒါေတြ အဓိကထားၿပီး စဥ္းစားရမယ့္ ကိစၥေတြျဖစ္ပါတယ္” လို႔ ဆိုပါတယ္။

ဒီမိုကေရစီဆိုတာ ညႇိႏႈိင္းပူးေပါင္းေဆာင္႐ြက္တာျဖစ္ၿပီး အမ်ားစုဆႏၵကို လိုက္နာသလို အနည္းစုရဲ႕ ဆႏၵသေဘာထားကိုလည္း ေလးစားမယ္ဆိုရင္ ႏိုင္ငံရဲ႕ တည္ၿငိမ္ေအးခ်မ္းမႈနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈလည္း ပိုေကာင္းလာမယ္ ထင္တယ္လို႔ သူရဦးေ႐ႊမန္းက ေျပာပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013