DVB Logo
Home
မြန်မာသတင်း
မြေဧက ၄၀၀၀ ကျော် ရောင်းချငွေဖြင့် မြေယာလျော်ကြေးပြန်ပေးမည်ဟု ဝန်ကြီးချုပ်ပြော
DVB
·
August 4, 2019
မြေဧက ၄၀၀၀ ကျော် ရောင်းချငွေဖြင့် မြေယာလျော်ကြေးပြန်ပေးမည်ဟု ဝန်ကြီးချုပ်ပြော
Donate to DVB

ရန်ကုန်တိုင်းဒေသအတွင်း မြေယာလျော်ကြေးပေးရမယ့် ဧကပေါင်း ၂၄၀၀၀ ကျော်အတွက် လျော်ကြေးငွေ ကျပ်ငွေဘီလီယံ ၂၀၀ ကို မြေဧက ၄၀၀၀ ကျော်ရောင်းချပြီး ပြန်လျော်ပေးမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ပထအကြိမ်လွှတ်တော်က ကျန်ရှိခဲ့တဲ့ မြေယာအမှုပေါင်း ၂၂၀၂ မှုနဲ့ ဗဟိုကိုတိုင်ကြားခဲ့တဲ့အမှုပေါင်း ၂၂၂၅ မှုအပြင် တိုင်းဒေသကြီးကိုတိုင်ကြားခဲ့တဲ့ မြေယာအမှု ၁၂၅၂၇ မှု တွေထဲက မြေယာအမှုပေါင်း ၆၀၇၇ မှုကို စိစစ်ပြီးဖြစ်ပါတယ်။

အဲဒီစိစစ်ပြီးတဲ့မြေယာမှုခင်းတွေထဲမှာ မြေဧက ၉၈၂ ဧက အပြင် ငွေလျော်ကြေးပေးရမယ့် ပမာဏက ကျပ်ငွေ ဘီလီယံ ၂၀၀ ခန့်နီးပါးရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီးအစိုးရရုံးမှာ ပြုလုပ်တဲ့သ တင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အဲဒီပမာဏကို လျော်ကြေးပေးနိုင်ဖို့အတွက် တိုင်းဒေသကြီ အစိုးရအနေနဲ့ မြိုတော်စီပင်သာယာရေးဘတ်ဂျက်ထဲက လျော်ကြေးပေးနိုင်ဖို့ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်မှာ  ၇ ဘီလီယံ လျာထားပြီးဖြစ်သလို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာ ၃၃ ဘီလီယံ လျာထားတယ်လို့ဆိုပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “၇ ဘီလီယံကတော့ ကျနော်တို့ စက်တင်ဘာ မကုန်ခင်မှာ လျော်ကြေးပေးဖို့ စတင်မှာ ဖြစ်ပါတယ်။ ၃၃ ဘီလီယံကိုတော့ လာမယ့် အောက်တိုဘာလအတွင်းမှာ ဖြစ်ပါတယ်။ ဒီလျော်ကြေးပေးနိုင်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ရင် ၂ဝဝ ဘီလီယံ လောက်ရှိတဲ့နေရာမှာ ၄ဝ ဘီလီယံလောက်ပဲ ဘတ်ဂျက်မှာ ပါဝင်နေတာ ဖြစ်တဲ့အတွက် နောက်ထပ်ဝင်ငွေကို တိုးရအောင် ရှာဖွေနိုင်ပြီးတော့ ၂ဝ၁၉-၂၀ ဖြည့်စွက်ဘဏ္ဍာငွေမှာ တောင့်ခံနိုင်ဖို့အတွက် ကျနော်တို့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းနိုင်ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို မြို့ပြအဖြစ် ပုံဖော်ခဲ့ပြီး ကွက်လပ်တွေအဖြစ်ကျန်နေတဲ့ နေရာတွေကို ကျနော်တို့ ရောင်းချသွားမှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

အခုလိုမြေယာလျော်ကြေးပေးနိုင်ဖို့အတွက် လှိုင်သာယာ ရွှေပြည်သာနဲ့ ဒဂုံ ၄ မြို့နယ်တွေမှာရှိတဲ့ မြေဧကပေါင်း ၄၀၀၀ ကျော်ကို အပိုင်းလေးပိုင်းခွဲပြီး ရောင်းချသွားဖို့ စီစဉ်ထားတာပါ။ 

ကျူးကျော်နေထိုင်သူတွေကို အစိုးရကမြေပေးပြီး တည်ဆောင်မှုအပိုင်းနဲ့ အလုပ်အကိုင်ရှိနေတဲ့ ကျူးကျော်နေထိုင်သူတွေကို အစိုးရက လုပ်ငန်းရှင်ကိုမြေပေးပြီး ၁၅ ပေ ၃၅ ပေ ၂ ခန်းတွဲကို ငွေကျပ် ၆ သောင်းနဲ့ ၁ သိန်းကြား အငှားအိမ်ရာစနစ်ကို ထူထောင်ပြီး ၁၅ နှစ်အတွင်း အိမ်ပိုင်ဆိုင်ခွင့်ရအောင်လုပ်ဆောင်မယ့်စီမံချက်လည်း ပါရှိပါတယ်။

အဲဒီအပြင် လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ မြေဝယ်ပြီး အိမ်ဆောင်ချင်တဲ့သူတွေကို မြေယာရောင်းချပြီး အဲဒီကရလာတဲ့ ငွေတွေနဲ့လျော်ကြေးငွေပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်နေတာပါ။

ဦးဖြိုးမင်းသိန်းက “၁၆၀ ဘီလီယံကျော်အောင် ဝယ်မယ့်သူတွေ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝယ်ချင်တယ်ဆိုပြီး စာရင်းပို့တဲ့ ပမာဏက များပါတယ်။ ကျနော်တို့က ရောင်းဖို့ အကွက်တွေကို စနစ်တကျ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ရောင်းချတဲ့နေရာမှာလည်း သတင်းစာတွေထဲမှာ ကြော်ညာထည့်ပြီးတော့ ပွင့်လင်းမြင်သာမှုရှိအောင် ကျနော်တို့ ရောင်းပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ဖြည့်စွက်မှာ ထည့်နိုင်ဖို့အတွက် ကျနော်တို့ စပြီးတော့ ပြင်ဆင်မှုတွေကနေ ရောင်းချပြီးရတာတွေကို ဖြည့်စွက်ဘဏ္ဍာငွေမှာ အစိုးရရဲ့ ရမွေပေါ့ ရမွေကို ကျနော်တို့ တိုးမြင့်အောင် ဆောင်ရွက်ပြီးတော့ ဖြည့်စွက်ဘဏ္ဍာငွေမှာ တောင်းခံမှု ပြန်ပြု ပြင်ပြီး ဒီဟာကို ကျနော်တို့ရဲ့ အစိုးရသက်တမ်းအတွင်းမှာ ပြီးစီးအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

အဲဒီစီမံကိန်းတွေကို သြဂုတ်လအတွင်း စတင်မှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို မကြာခင်မှာထုတ်ပြန်ပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သတင်းထောက်တွေ ၂ ပတ် တကြိမ်တွေ့ဆုံတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

အောင်သူ




Zawgyi Version

ေျမဧက ၄၀၀၀ ေက်ာ္ ေရာင္းခ်ေငြျဖင့္ ေျမယာေလ်ာ္ေၾကးျပန္ေပးမည္ဟု ဝန္ႀကီးခ်ဳပ္ေျပာ

ေအာင္သူ

ရန္ကုန္တိုင္းေဒသအတြင္း ေျမယာေလ်ာ္ေၾကးေပးရမယ့္ ဧကေပါင္း ၂၄၀၀၀ ေက်ာ္အတြက္ ေလ်ာ္ေၾကးေငြ က်ပ္ေငြဘီလီယံ ၂၀၀ ကို ေျမဧက ၄၀၀၀ ေက်ာ္ေရာင္းခ်ၿပီး ျပန္ေလ်ာ္ေပးမယ္လို႔ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ပထအႀကိမ္လႊတ္ေတာ္က က်န္ရွိခဲ့တဲ့ ေျမယာအမႈေပါင္း ၂၂၀၂ မႈနဲ႔ ဗဟိုကိုတိုင္ၾကားခဲ့တဲ့အမႈေပါင္း ၂၂၂၅ မႈအျပင္ တိုင္းေဒသႀကီးကိုတိုင္ၾကားခဲ့တဲ့ ေျမယာအမႈ ၁၂၅၂၇ မႈ ေတြထဲက ေျမယာအမႈေပါင္း ၆၀၇၇ မႈကို စိစစ္ၿပီးျဖစ္ပါတယ္။

အဲဒီစိစစ္ၿပီးတဲ့ေျမယာမႈခင္းေတြထဲမွာ ေျမဧက ၉၈၂ ဧက အျပင္ ေငြေလ်ာ္ေၾကးေပးရမယ့္ ပမာဏက က်ပ္ေငြ ဘီလီယံ ၂၀၀ ခန႔္နီးပါးရွိတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက တိုင္းေဒသႀကီးအစိုးရ႐ုံးမွာ ျပဳလုပ္တဲ့သ တင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာပါ။

အဲဒီပမာဏကို ေလ်ာ္ေၾကးေပးႏိုင္ဖို႔အတြက္ တိုင္းေဒသႀကီ အစိုးရအေနနဲ႔ ၿမိဳေတာ္စီပင္သာယာေရးဘတ္ဂ်က္ထဲက ေလ်ာ္ေၾကးေပးႏိုင္ဖို႔ ၂၀၁၈ -၂၀၁၉ ဘ႑ာႏွစ္မွာ  ၇ ဘီလီယံ လ်ာထားၿပီးျဖစ္သလို ၂၀၁၉ -၂၀၂၀ ဘ႑ာႏွစ္မွာ ၃၃ ဘီလီယံ လ်ာထားတယ္လို႔ဆိုပါတယ္။

ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက “၇ ဘီလီယံကေတာ့ က်ေနာ္တို႔ စက္တင္ဘာ မကုန္ခင္မွာ ေလ်ာ္ေၾကးေပးဖို႔ စတင္မွာ ျဖစ္ပါတယ္။ ၃၃ ဘီလီယံကိုေတာ့ လာမယ့္ ေအာက္တိုဘာလအတြင္းမွာ ျဖစ္ပါတယ္။ ဒီေလ်ာ္ေၾကးေပးႏိုင္ေရး ကိစၥရပ္ေတြနဲ႔ ပတ္သက္ရင္ ၂ဝဝ ဘီလီယံ ေလာက္ရွိတဲ့ေနရာမွာ ၄ဝ ဘီလီယံေလာက္ပဲ ဘတ္ဂ်က္မွာ ပါဝင္ေနတာ ျဖစ္တဲ့အတြက္ ေနာက္ထပ္ဝင္ေငြကို တိုးရေအာင္ ရွာေဖြႏိုင္ၿပီးေတာ့ ၂ဝ၁၉-၂၀ ျဖည့္စြက္ဘ႑ာေငြမွာ ေတာင့္ခံႏိုင္ဖို႔အတြက္ က်ေနာ္တို႔ ဆက္လက္ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။ ဒီလိုႀကိဳးပမ္းႏိုင္ဖို႔ အတြက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာရွိတဲ့ လယ္ယာေျမေတြကို ၿမိဳ႕ျပအျဖစ္ ပုံေဖာ္ခဲ့ၿပီး ကြက္လပ္ေတြအျဖစ္က်န္ေနတဲ့ ေနရာေတြကို က်ေနာ္တို႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။” လို႔ ေျပာပါတယ္။

အခုလိုေျမယာေလ်ာ္ေၾကးေပးႏိုင္ဖို႔အတြက္ လႈိင္သာယာ ေ႐ႊျပည္သာနဲ႔ ဒဂုံ ၄ ၿမိဳ႕နယ္ေတြမွာရွိတဲ့ ေျမဧကေပါင္း ၄၀၀၀ ေက်ာ္ကို အပိုင္းေလးပိုင္းခြဲၿပီး ေရာင္းခ်သြားဖို႔ စီစဥ္ထားတာပါ။

က်ဴးေက်ာ္ေနထိုင္သူေတြကို အစိုးရကေျမေပးၿပီး တည္ေဆာင္မႈအပိုင္းနဲ႔ အလုပ္အကိုင္ရွိေနတဲ့ က်ဴးေက်ာ္ေနထိုင္သူေတြကို အစိုးရက လုပ္ငန္းရွင္ကိုေျမေပးၿပီး ၁၅ ေပ ၃၅ ေပ ၂ ခန္းတြဲကို ေငြက်ပ္ ၆ ေသာင္းနဲ႔ ၁ သိန္းၾကား အငွားအိမ္ရာစနစ္ကို ထူေထာင္ၿပီး ၁၅ ႏွစ္အတြင္း အိမ္ပိုင္ဆိုင္ခြင့္ရေအာင္လုပ္ေဆာင္မယ့္စီမံခ်က္လည္း ပါရွိပါတယ္။

အဲဒီအျပင္ လုပ္ငန္းလုပ္ကိုင္သူေတြနဲ႔ ေျမဝယ္ၿပီး အိမ္ေဆာင္ခ်င္တဲ့သူေတြကို ေျမယာေရာင္းခ်ၿပီး အဲဒီကရလာတဲ့ ေငြေတြနဲ႔ေလ်ာ္ေၾကးေငြေပးဖို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က စီစဥ္ေနတာပါ။

ဦးၿဖိဳးမင္းသိန္းက “၁၆၀ ဘီလီယံေက်ာ္ေအာင္ ဝယ္မယ့္သူေတြ ရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဝယ္ခ်င္တယ္ဆိုၿပီး စာရင္းပို႔တဲ့ ပမာဏက မ်ားပါတယ္။ က်ေနာ္တို႔က ေရာင္းဖို႔ အကြက္ေတြကို စနစ္တက် ျပင္ဆင္ေနၿပီျဖစ္ပါတယ္။ ေရာင္းခ်တဲ့ေနရာမွာလည္း သတင္းစာေတြထဲမွာ ေၾကာ္ညာထည့္ၿပီးေတာ့ ပြင့္လင္းျမင္သာမႈရွိေအာင္ က်ေနာ္တို႔ ေရာင္းေပးသြားမွာ ျဖစ္ပါတယ္။ ၿပီးေတာ့ ျဖည့္စြက္မွာ ထည့္ႏိုင္ဖို႔အတြက္ က်ေနာ္တို႔ စၿပီးေတာ့ ျပင္ဆင္မႈေတြကေန ေရာင္းခ်ၿပီးရတာေတြကို ျဖည့္စြက္ဘ႑ာေငြမွာ အစိုးရရဲ႕ ရေမြေပါ့ ရေမြကို က်ေနာ္တို႔ တိုးျမင့္ေအာင္ ေဆာင္႐ြက္ၿပီးေတာ့ ျဖည့္စြက္ဘ႑ာေငြမွာ ေတာင္းခံမႈ ျပန္ျပဳ ျပင္ၿပီး ဒီဟာကို က်ေနာ္တို႔ရဲ႕ အစိုးရသက္တမ္းအတြင္းမွာ ၿပီးစီးေအာင္ ေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္။” လို႔ ဆိုပါတယ္။

အဲဒီစီမံကိန္းေတြကို ၾသဂုတ္လအတြင္း စတင္မွာျဖစ္ၿပီး အေသးစိတ္အခ်က္အလက္ေတြနဲ႔ လုပ္ေဆာင္ရမယ့္ လုပ္ငန္းစဥ္ေတြကို မၾကာခင္မွာထုတ္ျပန္ေပးမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕နဲ႔ သတင္းေထာက္ေတြ ၂ ပတ္ တႀကိမ္ေတြ႕ဆုံတဲ့ သတင္းစာရွင္းလင္းပြဲမွာ ဝန္ႀကီးခ်ဳပ္က ေျပာဆိုခဲ့တာပါ။

ေအာင္သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013