
အီတလီကလပ် လာဇီယိုအသင်း အမျိုးသမီးဘောလုံးအသင်းဟာ ကိုယ်ဝန်ဆောင် ကစားသမားကို အလုပ်ထုတ်ခဲ့မှုအတွက် လျော်ကြေးပေးဖို့ အမိန့်ချမှတ်ခံရပါတယ်။
ဆွီဒင်ကွင်းလယ်လူ မာယာဂေါ့သ်ဘတ်ကို ကိုယ်ဝန်ရှိလို့ဆိုပြီး အလုပ်ထုတ်ခဲ့တာ မမှန်ကန်ကြောင်း အားကစားခုံရုံး (Cas) က ဆုံးဖြတ်ခဲ့တာပါ။
ဒီဆုံးဖြတ်ချက်ကြောင့် လာဇီယိုအသင်းဟာ ဂေါ့သ်ဘတ်ကို စာချုပ်ဖျက်သိမ်းမှုအတွက် လျော်ကြေးအပြင် စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးပါ ပေးရသွားရမယ်လို့ သိရပါတယ်။
ကမ္ဘာ့ကစားသမားသမဂ္ဂ (FifPro) ကတော့ ဒီအမှုကို မိခင်ဘဝအခွင့်အရေးအတွက် "စံနမူနာ" တခုလို့ ဆိုပါတယ်။
လာဇီယိုအသင်းဟာ ဂေါ့သ်ဘတ်ရဲ့ ကိုယ်ဝန်အကြောင်းကို သူသဘောမတူဘဲ အသင်းဖော်တွေကို ပြောခဲ့တာလည်း တွေ့ရပါတယ်။
ဂေါ့သ်ဘတ်က "ဒီအမှုဟာ ဘောလုံးအကြောင်းသက်သက် မဟုတ်ပါဘူး။ ကျမဘဝရဲ့ အရေးကြီးတဲ့အချိန်မှာ တရားမျှတမှုနဲ့ လေးစားမှု ရဖို့ပါ" လို့ ပြောပါတယ်။










