DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ကဏ္ဍအသီးသီးတွင် ပြဿနာပေါင်းများစွာရှိ၊ သတိထားလုပ်နေရဟု ဝန်ကြီးချုပ်ပြော
DVB
·
August 3, 2019
ရခိုင်ပြည်နယ်ကဏ္ဍအသီးသီးတွင် ပြဿနာပေါင်းများစွာရှိ၊ သတိထားလုပ်နေရဟု ဝန်ကြီးချုပ်ပြော
Donate to DVB

ရခိုင်ပြည်နယ်ရဲ့ ကဏ္ဍအသီးသီးကို လုပ်ဆောင်ရာမှာ ပြဿနာပေါင်းများစွာရှိနေတဲ့အတွက် သတိထားလုပ်ကိုင်ဆောင်ရွက်နေရတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အထက ၁ ကျောင်းမှာ သြဂုတ် ၂ ရက်နေ့က ပြုလုပ်တဲ့ ပညာရေးဌာနမှ ဆရာ/ဆရာမများနဲ့ တွေ့ဆုံပွဲမှာ အခုလိုပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက “ကျနော်တို့ တခုခုလုပ်မယ်ကြံလိုက်ရင် ပညာရေးအပါအဝင် ဘယ်ကဏ္ဍမဆို ကောက်ကိုင်လိုက်ရင် ပြဿာပေါင်းမြောက်မြားစွာ၊ အဲဒါကို ဆရာမကြီးတွေ၊ ဆရာကြီးတွေ ပိုသိပါတယ်၊ ကျနော်တို့ဖြေရှင်းရတာ ပိုပြီးခက်ခဲပါတယ်။ ကျနော်တို့က ပြဿနာရှာနေတာ မဟုတ်ဘူး၊ ရှိခဲ့တဲ့ပြသနာကိုဖြေရှင်းနေရတာ အင်မတန်ခက်ခဲပါတယ်။ ကျနော်တို့ပြည်နယ် ပိုပြီးတော့ နက်နဲပါတယ်၊ ပိုပြီးတော့သိမ်မွေ့ပါတယ်။ ခုနက ကျနော်တို့ စိုးရိမ်ပြီးတော့ လုပ်ရတယ်၊ အန္တရာယ်တွေ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။

ပညာရေးကဏ္ဍကိုမြှင့်တင်ရာမှာ တဦးနဲ့တဦးအပြစ်ပြောနေတာထက် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်သလို ပညာရေးကဏ္ဍမှာ နှစ်ပေါင်းများစွာနိမ့်ကျနေခဲ့တာဟာ အားပေးမှုမရှိခဲ့အတွက် ပညာရေး ကဏ္ဍဟာ နိမ့်ကျနေရတယ်လို့လည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက ပြောပါတယ်။

“တယောက်နဲ့တယောက် အပြစ်တွေပြောနေမယ်၊ အခက်အခဲတွေကိုပဲ ဦးတည်နေမယ်ဆိုရင်တော့ ဒီအခက်အခဲဆိုတာထက် ကျနော်တို့အတွက် ပိုပြီးတော့ပေါ့ ပြဿနာတို့ဘာတို့ ဖြစ်လာနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် အချင်းချင်းတော့ နားလည်မှုနဲ့ သည်းခံမှုနဲ့ ပေါင်းစပ်ပြီးတော့ လုပ်ဖို့လိုအပ်မယ်ထင်ပါတယ်၊ အဲတော့ အကုန်ပြောရမယ်ဆိုရင်တော့ လိုအပ်ချက်တွေအများကြီးရှိပါတယ်” လို့ ပြောပါတယ်။

အဆိုပါတွေ့ဆုံပွဲကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်နယ်တာဝန်ရှိသူတွေ ကျောက်ဖြူမြို့နယ် ဌာနဆိုင်ရ တာဝန်ရှိသူတွေနဲ့ ပညာရေးဌာနမှ ဆရာ/ဆရာမတွေ တက်ရောက်ခဲ့ကြပါတယ်။

ဆရာ/ဆရာမတွေက လက်ရှိသင်ကြားရေးနဲ့ပတ်သက်ပြီး အခက်အခဲတွေအပါအဝင် အဆင့်မြှင့်တိုးပေးထားတဲ့ ကျောင်းတွေမှာ သင်ကြားရေးဆရာ/ဆရာမ လိုအပ်ချက်တွေကို တင်ပြခဲ့ကြပါတယ်။

နောင်နောင်




Zawgyi Version

ရခိုင္ျပည္နယ္က႑အသီးသီးတြင္ ျပႆနာေပါင္းမ်ားစြာရွိ၊ သတိထားလုပ္ေနရဟု ဝန္ႀကီးခ်ဳပ္ေျပာ

DVB

ရခိုင္ျပည္နယ္ရဲ႕ က႑အသီးသီးကို လုပ္ေဆာင္ရာမွာ ျပႆနာေပါင္းမ်ားစြာရွိေနတဲ့အတြက္ သတိထားလုပ္ကိုင္ေဆာင္႐ြက္ေနရတယ္လို႔ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕ အထက ၁ ေက်ာင္းမွာ ၾသဂုတ္ ၂ ရက္ေန႔က ျပဳလုပ္တဲ့ ပညာေရးဌာနမွ ဆရာ/ဆရာမမ်ားနဲ႔ ေတြ႕ဆုံပြဲမွာ အခုလိုေျပာဆိုခဲ့တာပါ။

ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုက “က်ေနာ္တို႔ တခုခုလုပ္မယ္ႀကံလိုက္ရင္ ပညာေရးအပါအဝင္ ဘယ္က႑မဆို ေကာက္ကိုင္လိုက္ရင္ ျပႆာေပါင္းေျမာက္ျမားစြာ၊ အဲဒါကို ဆရာမႀကီးေတြ၊ ဆရာႀကီးေတြ ပိုသိပါတယ္၊ က်ေနာ္တို႔ေျဖရွင္းရတာ ပိုၿပီးခက္ခဲပါတယ္။ က်ေနာ္တို႔က ျပႆနာရွာေနတာ မဟုတ္ဘူး၊ ရွိခဲ့တဲ့ျပသနာကိုေျဖရွင္းေနရတာ အင္မတန္ခက္ခဲပါတယ္။ က်ေနာ္တို႔ျပည္နယ္ ပိုၿပီးေတာ့ နက္နဲပါတယ္၊ ပိုၿပီးေတာ့သိမ္ေမြ႕ပါတယ္။ ခုနက က်ေနာ္တို႔ စိုးရိမ္ၿပီးေတာ့ လုပ္ရတယ္၊ အႏၲရာယ္ေတြ အမ်ားႀကီးရွိပါတယ္” လို႔ ေျပာပါတယ္။

ပညာေရးက႑ကိုျမႇင့္တင္ရာမွာ တဦးနဲ႔တဦးအျပစ္ေျပာေနတာထက္ ပူးေပါင္းလုပ္ကိုင္ေဆာင္႐ြက္ဖို႔ လိုအပ္သလို ပညာေရးက႑မွာ ႏွစ္ေပါင္းမ်ားစြာနိမ့္က်ေနခဲ့တာဟာ အားေပးမႈမရွိခဲ့အတြက္ ပညာေရး က႑ဟာ နိမ့္က်ေနရတယ္လို႔လည္း ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ဦးညီပုက ေျပာပါတယ္။

“တေယာက္နဲ႔တေယာက္ အျပစ္ေတြေျပာေနမယ္၊ အခက္အခဲေတြကိုပဲ ဦးတည္ေနမယ္ဆိုရင္ေတာ့ ဒီအခက္အခဲဆိုတာထက္ က်ေနာ္တို႔အတြက္ ပိုၿပီးေတာ့ေပါ့ ျပႆနာတို႔ဘာတို႔ ျဖစ္လာႏိုင္တဲ့ အေနအထားျဖစ္တဲ့အတြက္ အခ်င္းခ်င္းေတာ့ နားလည္မႈနဲ႔ သည္းခံမႈနဲ႔ ေပါင္းစပ္ၿပီးေတာ့ လုပ္ဖို႔လိုအပ္မယ္ထင္ပါတယ္၊ အဲေတာ့ အကုန္ေျပာရမယ္ဆိုရင္ေတာ့ လိုအပ္ခ်က္ေတြအမ်ားႀကီးရွိပါတယ္” လို႔ ေျပာပါတယ္။

အဆိုပါေတြ႕ဆုံပြဲကို ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပု၊ ျပည္နယ္အစိုးရအဖြဲ႕ဝင္ေတြနဲ႔ ျပည္နယ္တာဝန္ရွိသူေတြ ေက်ာက္ျဖဴၿမိဳ႕နယ္ ဌာနဆိုင္ရ တာဝန္ရွိသူေတြနဲ႔ ပညာေရးဌာနမွ ဆရာ/ဆရာမေတြ တက္ေရာက္ခဲ့ၾကပါတယ္။

ဆရာ/ဆရာမေတြက လက္ရွိသင္ၾကားေရးနဲ႔ပတ္သက္ၿပီး အခက္အခဲေတြအပါအဝင္ အဆင့္ျမႇင့္တိုးေပးထားတဲ့ ေက်ာင္းေတြမွာ သင္ၾကားေရးဆရာ/ဆရာမ လိုအပ္ခ်က္ေတြကို တင္ျပခဲ့ၾကပါတယ္။

ေနာင္ေနာင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013