ဆင်ဘိုမြို့တွင် မြေငလျင်လှုပ်ခတ်
DVB
·
August 3, 2019

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့မှာ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
သြဂုတ် ၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ၅၂ မိနစ်၊ ၅၉ စက္ကန့် အချိန်က မြစ်ကြီးနားမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက်မိုင် ၃၀ လောက်ကွာဝေးသော ဆင်ဘိုမြို့ရဲ့ အရှေ့မြောက်ဘက် ၂၈ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၉၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၄၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
Zawgyi Version
ဆင္ဘိုၿမိဳ႕တြင္ ေျမငလ်င္လႈပ္ခတ္
DVB
ကခ်င္ျပည္နယ္ ျမစ္ႀကီးနားခ႐ိုင္ ဆင္ဘိုၿမိဳ႕မွာ ေျမငလ်င္တခု လႈပ္ခတ္သြားတယ္လို႔ မိုးဇလက ထုတ္ျပန္ပါတယ္။
ၾသဂုတ္ ၃ ရက္ေန႔၊ ျမန္မာစံေတာ္ခ်ိန္ ၁၁ နာရီ၊ ၅၂ မိနစ္၊ ၅၉ စကၠန႔္ အခ်ိန္က ျမစ္ႀကီးနားေျမငလ်င္စခန္းမွ ေတာင္-အေရွ႕ေတာင္ဘက္မိုင္ ၃၀ ေလာက္ကြာေဝးေသာ ဆင္ဘိုၿမိဳ႕ရဲ႕ အေရွ႕ေျမာက္ဘက္ ၂၈ မိုင္ခန႔္အကြာ၊ ေျမာက္လတၱီတြဒ္ ၂၄.၉၄ ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၇.၄၆ ဒီဂရီ၊ အနက္ ၁၀ ကီလိုမီတာကို ဗဟိုျပဳ၍ အင္အား ရစ္(ခ္)တာစေကး (၃.၄) အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာ ေျမငလ်င္တခု လႈပ္ရွားသြားတယ္လို႔ ဆိုပါတယ္။










