DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း လေပြင်းကြောင့် နေအိမ်နှင့် စာသင်ကျောင်းအချို့ ပျက်စီး
DVB
·
August 3, 2019
ဧရာဝတီတိုင်းအတွင်း လေပြင်းကြောင့် နေအိမ်နှင့် စာသင်ကျောင်းအချို့ ပျက်စီး
1 / 4
Donate to DVB

ဧရာဝတီတိုင်း မြို့နယ် ၃ ခုမှာ သြဂုတ် ၂ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်နဲ့ စာသင်ကျောင်းတချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်၊ သာပေါင်းနဲ့ ပန်းတနော် စတဲ့ မြို့နယ်တွေမှာ လေပြင်းကြောင့် နေအိမ်နဲ့ စာသင်ကျောင်တချို့ ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွန်ကြားရေးမှုး ဦးသန်းစိုးက ပြောပါတယ်။

“ပုသိမ် သာပေါင်းနဲ့ ပန်းတနော်မြို့နယ်တွေမှာတော့ အိမ်ပြိုလဲတာတွေရှိတယ်။ ဘိုကလေးမှာတော့ စာသင်ကျောင်းပျက်စီးတာတွေရှိတယ် လူအသေအပျောက်တော့မရှိပါဘူး။” 

ဧရာဝတီတိုင်းအတွင်းမှာ မိုးဦးကာလနဲ့ မိုးကြိုကာလအတွင်းကနေစပြီး ဒီကနေ့အထိ လေပြင်းတိုက်ခတ်တာကြောင့် အိမ်ခြေ ၂၀၀၀ ကျော် လဲပြိုပျက်စီးတာတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၁ သောင်းကျော် လေးဘေးရင်ဆိုင်ခဲ့ရတယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနစာရင်းတွေအရ သိရပါတယ်။

လေဘေးကြောင့် ဟင်္သာတခရိုင်မှာ အိမ်ခြေအများဆုံး ထိခိုက်ပျက်စီးခဲ့ပြီး မအူပင်ခရိုင်မှာ ဒုတိယ အများဆုံး ထိခိုက်ပျက်စီးခဲ့ကာ ပုသိမ်ခရိုင်ကတော့ တတိယအများဆုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကတော့ လဲပြိုသွားတဲ့ သစ်သားနေအိမ်တွေအတွက် ငွေကျပ် ၂ သိန်း၊ တပတ်စာဆန်ရိက္ခာ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ ဝါးဓနိအိမ်တွေအတွက် ငွေကျပ် ၁ သိန်း၊ တပတ်စာဆန်ရိက္ခာ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး နဲ့ အမိုးလန်သွားတဲ့ နေအိမ်တွေအတွက် ငွေကျပ် ၁ သောင်းကနေ ၉ သောင်းအထိနဲ့ တပတ်စာဆန်ရိက္ခာတွေကို ကူညီထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။




Zawgyi Version

ဧရာဝတီတိုင္းအတြင္း ေလျပင္းေၾကာင့္ ေနအိမ္ႏွင့္ စာသင္ေက်ာင္းအခ်ိဳ႕ ပ်က္စီး

ျမမင္းဦး(ပုသိမ္)

ဧရာဝတီတိုင္း ၿမိဳ႕နယ္ ၃ ခုမွာ ၾသဂုတ္ ၂ ရက္ေန႔ ညေနပိုင္းက မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္ခဲ့တာေၾကာင့္ ေနအိမ္နဲ႔ စာသင္ေက်ာင္းတခ်ိဳ႕ ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။

ပုသိမ္၊ သာေပါင္းနဲ႔ ပန္းတေနာ္ စတဲ့ ၿမိဳ႕နယ္ေတြမွာ ေလျပင္းေၾကာင့္ ေနအိမ္နဲ႔ စာသင္ေက်ာင္တခ်ိဳ႕ ပ်က္စီးခဲ့တယ္လို႔ ဧရာဝတီတိုင္း ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဦးစီးဌာန ၫြန္ၾကားေရးမႈး ဦးသန္းစိုးက ေျပာပါတယ္။

“ပုသိမ္ သာေပါင္းနဲ႔ ပန္းတေနာ္ၿမိဳ႕နယ္ေတြမွာေတာ့ အိမ္ၿပိဳလဲတာေတြရွိတယ္။ ဘိုကေလးမွာေတာ့ စာသင္ေက်ာင္းပ်က္စီးတာေတြရွိတယ္ လူအေသအေပ်ာက္ေတာ့မရွိပါဘူး။”

ဧရာဝတီတိုင္းအတြင္းမွာ မိုးဦးကာလနဲ႔ မိုးႀကိဳကာလအတြင္းကေနစၿပီး ဒီကေန႔အထိ ေလျပင္းတိုက္ခတ္တာေၾကာင့္ အိမ္ေျခ ၂၀၀၀ ေက်ာ္ လဲၿပိဳပ်က္စီးတာေတြ ျဖစ္ခဲ့ၿပီး လူေပါင္း ၁ ေသာင္းေက်ာ္ ေလးေဘးရင္ဆိုင္ခဲ့ရတယ္လို႔ တိုင္းေဒသႀကီး ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဦးစီးဌာနစာရင္းေတြအရ သိရပါတယ္။

ေလေဘးေၾကာင့္ ဟသၤာတခ႐ိုင္မွာ အိမ္ေျခအမ်ားဆုံး ထိခိုက္ပ်က္စီးခဲ့ၿပီး မအူပင္ခ႐ိုင္မွာ ဒုတိယ အမ်ားဆုံး ထိခိုက္ပ်က္စီးခဲ့ကာ ပုသိမ္ခ႐ိုင္ကေတာ့ တတိယအမ်ားဆုံး ထိခိုက္ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဦးစီးဌာနကေတာ့ လဲၿပိဳသြားတဲ့ သစ္သားေနအိမ္ေတြအတြက္ ေငြက်ပ္ ၂ သိန္း၊ တပတ္စာဆန္ရိကၡာ ကယ္ဆယ္ေရးပစၥည္း ၁၆ မ်ိဳး၊ ဝါးဓနိအိမ္ေတြအတြက္ ေငြက်ပ္ ၁ သိန္း၊ တပတ္စာဆန္ရိကၡာ ကယ္ဆယ္ေရးပစၥည္း ၁၆ မ်ိဳး နဲ႔ အမိုးလန္သြားတဲ့ ေနအိမ္ေတြအတြက္ ေငြက်ပ္ ၁ ေသာင္းကေန ၉ ေသာင္းအထိနဲ႔ တပတ္စာဆန္ရိကၡာေတြကို ကူညီေထာက္ပံ့ေပးေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013