DVB Logo
Home
မြန်မာသတင်း
လှည်းကူးတွင် ဆင်ရိုင်းနှစ်ကောင် ရောက်နေ၊ ဆင်မုဆိုးများ၏ ပစ်သတ်ခြင်း မခံရရန် စောင့်ရှောက်ပေး
DVB
·
August 2, 2019
လှည်းကူးတွင် ဆင်ရိုင်းနှစ်ကောင် ရောက်နေ၊ ဆင်မုဆိုးများ၏ ပစ်သတ်ခြင်း မခံရရန် စောင့်ရှောက်ပေး
Donate to DVB

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ တောဆင်ရိုင်း ၂ ကောင် ရောက်ရှိနေပြီး ဆင်မုဆိုးတွေရဲ့ ပစ်သတ်မခံရအောင် စောင့်ရှောက်ပေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

သြဂုတ်လ ၁ ရက်နေ့ မနက် ၇ နာရီလောက်က လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် (၁၃/၃) ရဲ့ အနောက်ဘက်ကိုက် ၃၀၀ ခန့်အကွာရှိ ကိုင်းတောမှာ တောဆင်ရိုင်း ၂ ကောင် ရောက်ရှိနေတာကြောင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နဲ့ သစ်တောဦးစီးဌာန တာဝန်ရှိသူတွေက တောအတွင်း ပြန်လည်ဝင်ရောက်ရေး ခြောက်လှန့် မောင်းထုတ်ခဲ့ပေမယ့် ထွက်ခွာခြင်းမရှိဘဲ ကိုင်းတောအတွင်းသာ ကျက်စားနေတယ်လို့ ဆိုပါတယ်။

အဆိုပါ တောဆင်ရိုင်း ၂ ကောင်အား သြဂုတ် ၂ ရက်နေ့က ကွန်ဂျီဆင်တွေနဲ့ ပြန်လည် မောင်းထုတ်ဖို့ စီစဉ်ထားပြီး တောဆင်ရိုင်း ၂ ကောင် ရောက်ရှိနေမှုအား ပတ်ဝန်းကျင် ကျေးရွာတွေ သိရှိနိုင်ရေး လှည်းကူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ တင်ပြထားပါတယ်။ 

ဒါ့အပြင် အမြန်လမ်းနဲ့ နီးလို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့(လှည်းကူး) ကို အကြောင်းကြားထားပြီး ဆင်မုဆိုးတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှု မခံရရေး ပူးပေါင်းစောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လွည္းကူးတြင္ ဆင္႐ိုင္းႏွစ္ေကာင္ ေရာက္ေန၊ ဆင္မုဆိုးမ်ား၏ ပစ္သတ္ျခင္း မခံရရန္ ေစာင့္ေရွာက္ေပး

DVB

ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕နယ္မွာ ေတာဆင္႐ိုင္း ၂ ေကာင္ ေရာက္ရွိေနၿပီး ဆင္မုဆိုးေတြရဲ႕ ပစ္သတ္မခံရေအာင္ ေစာင့္ေရွာက္ေပးေနတယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။

ၾသဂုတ္လ ၁ ရက္ေန႔ မနက္ ၇ နာရီေလာက္က လွည္းကူးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး အျမန္ လမ္းမႀကီး မိုင္တိုင္အမွတ္ (၁၃/၃) ရဲ႕ အေနာက္ဘက္ကိုက္ ၃၀၀ ခန႔္အကြာရွိ ကိုင္းေတာမွာ ေတာဆင္႐ိုင္း ၂ ေကာင္ ေရာက္ရွိေနတာေၾကာင့္ သစ္ေတာလုံၿခဳံေရးရဲတပ္ဖြဲ႕နဲ႔ သစ္ေတာဦးစီးဌာန တာဝန္ရွိသူေတြက ေတာအတြင္း ျပန္လည္ဝင္ေရာက္ေရး ေျခာက္လွန႔္ ေမာင္းထုတ္ခဲ့ေပမယ့္ ထြက္ခြာျခင္းမရွိဘဲ ကိုင္းေတာအတြင္းသာ က်က္စားေနတယ္လို႔ ဆိုပါတယ္။

အဆိုပါ ေတာဆင္႐ိုင္း ၂ ေကာင္အား ၾသဂုတ္ ၂ ရက္ေန႔က ကြန္ဂ်ီဆင္ေတြနဲ႔ ျပန္လည္ ေမာင္းထုတ္ဖို႔ စီစဥ္ထားၿပီး ေတာဆင္႐ိုင္း ၂ ေကာင္ ေရာက္ရွိေနမႈအား ပတ္ဝန္းက်င္ ေက်း႐ြာေတြ သိရွိႏိုင္ေရး လွည္းကူးၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနထံ တင္ျပထားပါတယ္။

ဒါ့အျပင္ အျမန္လမ္းနဲ႔ နီးလို႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕(လွည္းကူး) ကို အေၾကာင္းၾကားထားၿပီး ဆင္မုဆိုးေတြရဲ႕ ပစ္ခတ္သတ္ျဖတ္မႈ မခံရေရး ပူးေပါင္းေစာင့္ေရွာက္ေပးေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013