DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်ဝန်ကြီး ၂ ဦး၏ ဘဏ်စာရင်း အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ ဗဟိုဘဏ် ပေးပို့ထား
DVB
·
August 2, 2019
လျှပ်စစ်ဝန်ကြီး ၂ ဦး၏ ဘဏ်စာရင်း အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ ဗဟိုဘဏ် ပေးပို့ထား
Donate to DVB

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီး တို့ရဲ့ ဘဏ်စာရင်းအချက်အလက်တွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ ပေးပို့ထားတယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကနေ စုံစမ်းနေတဲ့အမှုနဲ့ပတ်သက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးအပါအဝင် ဇနီးဖြစ်သူတွေရဲ့ အမည်နဲ့ ဘဏ်တွေမှာ မြန်မာကျပ်ငွေ၊ နိုင်ငံခြားသုံးငွေတွေနဲ့ ငွေစာရင်းဖွင့်ထားတာ ရှိ၊ မရှိ စိစစ်အကြောင်းပြန်ပေးဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို အကြောင်းကြားထားတာပါ။

ဒါနဲ့ပတ်သက်ပြီး သြဂုတ် ၂ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းဝေးအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက အခုလိုပြန်လည်ဖြေဆိုခဲ့တာပါ။

“ငွေကြေးခဝါချမှု၊ အဂတိတိုက်ဖျက်ရေး၊ လူကုန်ကူးတို့ သူတို့ကနေ စာရင်းတွေတောင်းရင် ဘဏ်တွေကို ဖြန့်ပြီးတောင်းပေးတာ။ ရတဲ့ဟာတွေကို အဲဒီအဖွဲ့အစည်းတွေကို ပြန်ပေးတာပဲ။ ကျနော်တို့ရဲ့ လုပ်ငန်းတာဝန်က ဒါပဲ။ ကျနော်တို့က ကျန်တာ မသိဘူး၊ ဒေတာ တောင်းရင် ကျနော်တို့က ဒေတာ ပေးလိုက်တာပဲ။ ပြန်ပေးပြီးပါပြီ၊” 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းခိုင်ဟာ  နှလုံးကျန်းမာရေး အခြေအနေအရ ပြီးခဲ့တဲ့ ဇွန်လဆန်းကတည်းက ဆေးခွင့်တင်ပြီး ရုံးပြန်မတက်နိုင်သေးဘဲ  အနားယူနေတာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#Zawgyi_version

လွ်ပ္စစ္ဝန္ႀကီး ၂ ဦး၏ ဘဏ္စာရင္း အဂတိတိုက္ဖ်က္ေရးေကာ္မရွင္ထံ ဗဟိုဘဏ္ ေပးပို႔ထား

လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးနဲ႔ ဒုဝန္ႀကီး တို႔ရဲ႕ ဘဏ္စာရင္းအခ်က္အလက္ေတြကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ထံ ေပးပို႔ထားတယ္လို႔ ဗဟိုဘဏ္ ဒုဥကၠ႒က ေျပာပါတယ္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကေန စုံစမ္းေနတဲ့အမႈနဲ႔ပတ္သက္ၿပီး လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးနဲ႔ ဒုတိယဝန္ႀကီးအပါအဝင္ ဇနီးျဖစ္သူေတြရဲ႕ အမည္နဲ႔ ဘဏ္ေတြမွာ ျမန္မာက်ပ္ေငြ၊ ႏိုင္ငံျခားသုံးေငြေတြနဲ႔ ေငြစာရင္းဖြင့္ထားတာ ရွိ၊ မရွိ စိစစ္အေၾကာင္းျပန္ေပးဖို႔ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ကို အေၾကာင္းၾကားထားတာပါ။

ဒါနဲ႔ပတ္သက္ၿပီး ၾသဂုတ္ ၂ ရက္ေန႔ အမ်ိဳးသားလႊတ္ေတာ္အစည္းေဝးအၿပီးမွာ မီဒီယာေတြရဲ႕ ေမးျမန္းခ်က္ေတြကို ဗဟိုဘဏ္ ဒုဥကၠ႒ ဦးစိုးသိန္းက အခုလိုျပန္လည္ေျဖဆိုခဲ့တာပါ။

“ေငြေၾကးခဝါခ်မႈ၊ အဂတိတိုက္ဖ်က္ေရး၊ လူကုန္ကူးတို႔ သူတို႔ကေန စာရင္းေတြေတာင္းရင္ ဘဏ္ေတြကို ျဖန႔္ၿပီးေတာင္းေပးတာ။ ရတဲ့ဟာေတြကို အဲဒီအဖြဲ႕အစည္းေတြကို ျပန္ေပးတာပဲ။ က်ေနာ္တို႔ရဲ႕ လုပ္ငန္းတာဝန္က ဒါပဲ။ က်ေနာ္တို႔က က်န္တာ မသိဘူး၊ ေဒတာ ေတာင္းရင္ က်ေနာ္တို႔က ေဒတာ ေပးလိုက္တာပဲ။ ျပန္ေပးၿပီးပါၿပီ၊”

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးဦးဝင္းခိုင္ဟာ  ႏွလုံးက်န္းမာေရး အေျခအေနအရ ၿပီးခဲ့တဲ့ ဇြန္လဆန္းကတည္းက ေဆးခြင့္တင္ၿပီး ႐ုံးျပန္မတက္ႏိုင္ေသးဘဲ  အနားယူေနတာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013