DVB Logo
Home
မြန်မာသတင်း
အပူပိုင်းမုန်တိုင်း ဟနွိုင်းမြို့ အရှေ့-အရှေ့မြောက်ဘက်ကို ဦးတည်နေ
DVB
·
August 2, 2019
အပူပိုင်းမုန်တိုင်း ဟနွိုင်းမြို့ အရှေ့-အရှေ့မြောက်ဘက်ကို ဦးတည်နေ
Donate to DVB

အပူပိုင်းမုန်တိုင်း “ဝီဖာ” ဟာ ဗီယက်နမ်နိုင်ငံ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက်ကို ဦးတည်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေတယ်လို့ မိုးဇလက ဒီနေ့မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။

မြန်မာစံတော်ချိန် (၀၆:၃၀) နာရီအချိန် တိုင်းထွာချက်အရ တုံကင်ပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း “ဝီဖာ” (Wipha) ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ (Hanoi) ရဲ့ အရှေ့-အရှေ့မြောက်ဘက် မိုင် (၁၉၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

အဆိုပါ အပူပိုင်းမုန်တိုင်းဟာ အနောက်ဘက်ကို ဖြည်းညင်းစွာ ရွေ့လျားပြီး ဗီယက်နမ်နိုင်ငံအထက်ပိုင်းဒေသတွေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းပါတယ်။

ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်း တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်း၊ တနင်္သာရီ၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းတွေ ကျရောကေပြီး လှိုင်းကြီးမည်၊ ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါတယ်။

နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ ရှမ်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုနေမယ်လို့ ဆိုပါတယ်။

နေပြည်တော်နဲ့အနီးတဝိုက်အတွက် ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ မိုးတကြိမ်၊ နှစ်ကြိမ်၊ ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ မိုးအသင့်အတင့်၊ မန္တလေးမြို့နဲ့ အနီးတဝိုက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#Zawgyi_Version

အပူပိုင္းမုန္တိုင္း ဟႏြိဳင္းၿမိဳ႕ အေရွ႕-အေရွ႕ေျမာက္ဘက္ကို ဦးတည္ေန

DVB

အပူပိုင္းမုန္တိုင္း “ဝီဖာ” ဟာ ဗီယက္နမ္ႏိုင္ငံ ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕ရဲ႕ အေရွ႕-အေရွ႕ေျမာက္ဘက္ကို ဦးတည္ေနၿပီး ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္တို႔မွာ မုတ္သုံေလ အားေကာင္းရာမွ အားအလြန္ေကာင္းေနတယ္လို႔ မိုးဇလက ဒီေန႔မနက္ ၇ နာရီမွာ ထုတ္ျပန္ပါတယ္။

ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀) နာရီအခ်ိန္ တိုင္းထြာခ်က္အရ တုံကင္ပင္လယ္ေကြ႕မွာ ျဖစ္ေပၚေနတဲ့ အပူပိုင္းမုန္တိုင္း “ဝီဖာ” (Wipha) ဟာ ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕ (Hanoi) ရဲ႕ အေရွ႕-အေရွ႕ေျမာက္ဘက္ မိုင္ (၁၉၀) ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါတယ္။

အဆိုပါ အပူပိုင္းမုန္တိုင္းဟာ အေနာက္ဘက္ကို ျဖည္းညင္းစြာ ေ႐ြ႕လ်ားၿပီး ဗီယက္နမ္ႏိုင္ငံအထက္ပိုင္းေဒသေတြကို ျဖတ္ေက်ာ္ဝင္ေရာက္မယ္လို႔ ခန႔္မွန္းပါတယ္။

ဒီေန႔ညေနအထိ ခန႔္မွန္းခ်က္အရ စစ္ကိုင္းတိုင္းေအာက္ပိုင္း၊ မႏၲေလးတိုင္းနဲ႔ မေကြးတိုင္း တို႔မွာ ေနရာက်ဲက်ဲ၊ က်န္တိုင္းေဒသႀကီးနဲ႔ ျပည္နယ္တို႔မွာ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ဧရာဝတီတိုင္း၊ တနသၤာရီ၊ ရခိုင္၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ ေဒသအလိုက္နဲ႔ ပဲခူးတိုင္းနဲ႔ ရန္ကုန္တိုင္းတို႔မွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္ပါတယ္။

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ရံဖန္ရံခါ မိုးသက္ ေလျပင္းေတြ က်ေရာေကၿပီး လႈိင္းႀကီးမည္၊ ေရျပင္/ေျမျပင္ေလဟာ တစ္နာရီလွ်င္ မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္မွာ ၉ ေပမွ ၁၁ ေပခန႔္ ရွိႏိုင္ပါတယ္။

ေနာက္ ၂ ရက္အတြက္ ခန႔္မွန္းခ်က္အရ တနသၤာရီတိုင္း၊ ရွမ္း၊ ရခိုင္၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ မိုးပိုေနမယ္လို႔ ဆိုပါတယ္။

ေနျပည္ေတာ္နဲ႔အနီးတဝိုက္အတြက္ ဒီေန႔ညေနအထိ ခန႔္မွန္းခ်က္အရ မိုးတႀကိမ္၊ ႏွစ္ႀကိမ္၊ ရန္ကုန္ၿမိဳ႕နဲ႔ အနီးတဝိုက္မွာ မိုးအသင့္အတင့္၊ မႏၲေလးၿမိဳ႕နဲ႔ အနီးတဝိုက္မွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမယ္လို႔ ခန႔္မွန္းထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013