DVB Logo
Home
မြန်မာသတင်း
အခမဲ့ ရွေ့လျားဈေးဆိုင်  ဒလမြို့နယ်၌ ဖွင့်လှစ် 
DVB
·
July 29, 2019
အခမဲ့ ရွေ့လျားဈေးဆိုင်  ဒလမြို့နယ်၌ ဖွင့်လှစ် 
1 / 8
Donate to DVB

ငွေပေးစရာမလိုဘဲ ပစ္စည်းတွေ ဝယ်ယူနိုင်မယ့် ရွေ့လျားဈေးဆိုင်နဲ့ အစားအစာတွေဝေငှတဲ့ အစီအစဉ်တို့ မနေ့က ရန်ကုန်တိုင်းဒေသကြီး  ဒလမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

လူငယ်တွေဦးဆောင်ပူးပေါင်းလုပ်ကိုင်နေတဲ့ ဒီ Free Mobile Shop အစီအစဉ်ကို  ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ် သီပေါတို့မှာပြုလုပ်ခဲ့ပြီး ဒါနဲ့ဆို ၁၀ ကြိမ်ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

ဒလ အံ့ကြီးအနောက်ဘက် မီးသင်္ဂြိုလ်စက်နားမှာ နေထိုင်ကြတဲ့ ဒေသခံတွေဆီကို ကလေး အဝတ်အထည်တွေ၊ ကစားစရာအရုပ်တွေ အပါအဝင် လူကြီးတွေအတွက် အဝတ်အထည်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ဖိနပ်နဲ့ တခြားအိမ်သုံးပစ္စည်းတွေ အခမဲ့ ရောင်းချခဲ့ကြပါတယ်။

ဒီတခေါက်မှာ ကလေးတွေအတွက် ဂီတဖျော်ဖြေတာနဲ့အတူ Food not Bombs အစီအစဉ်ကနေ လူအယောက် ၆၀၀ လောက်အတွက် အစားအသောက်တွေ ချက်ပြုတ်ဝေငှခဲ့တယ်လို့ ဆိုပါတယ်။

Free Mobile Shop က ကိုယ့်မှာ မလိုအပ်တဲ့ ပစ္စည်းတွေကို ဒီဆိုင်မှာ အခမဲ့ လာရောက်ရောင်းချကာ လိုအပ်တဲ့သူတွေက အခမဲ့ လာရောက်ဝယ်ယူဖို့ စီစဉ်ထားတာ ဖြစ်ပြီး သူတို့က ဒါကို ငွေကြေးမပါတဲ့ ရောင်းဝယ်မှုလို့ ဆိုပါတယ်။

Food not Bombs ကတော့ လွန်ခဲ့တဲ့ ၆ နှစ်ကပဲ စတင်ခဲ့တဲ့ အစီအစဉ်ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့တိုင်း လမ်းတွေမှာလိုက်ပြီး အစားအစာ၊ မုန့်တွေ လိုက်ဝေပေးတာ ဖြစ်ပါတယ်။

ဆင်းရဲတဲ့ ကလေးတွေ၊ အိတ်ခ်ျအိုင်ဗွီ ကလေးတွေဆီကိုလည်း အလျဉ်းသင့်သလို သွားရောက်ပြီး အစားအသောက်တွေပေးတာ၊ ဖျော်ဖြေတာတွေ လုပ်လေ့ရှိပြီး သူတို့ကတော့ ဒီလို အစားအစာ ဝေတာဟာ ကုသိုလ်ရဖို့၊ ပရဟိတအဖြစ် လုပ်တယ်ဆိုတာထက် လူတွေအတွက် လက်နက် ကျည်ဆံတွေထက် အစားအစာပဲ လိုအပ်တယ်ဆိုတာကို ပြသနေတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013