
ပရီးမီးယားလိဂ်အကြီးအကဲ ရစ်ချတ်မာစတာစ်က မန်ချက်စတာစီးတီးအသင်းရဲ့ အမှုပေါင်း ၁၁၅ ခုနဲ့ ပတ်သက်တဲ့ ကိစ္စဟာ ပြိုင်ဘက်ကလပ်တွေနဲ့ ဆွေးနွေးတဲ့အခါ ထိပ်ဆုံးက ပါဝင်တဲ့အရာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒီအမှုကိစ္စအတွက် စီရင်ချက်ချဖို့ အချိန်ယူရဦးမှာဖြစ်ပြီး ကြာချင်သလောက် ကြာနိုင်တယ်လို့လည်း မာစတာစ်က ဆိုပါတယ်။
လက်ရှိမှာတော့ အသင်းတွေရဲ့ အာရုံစိုက်မှုက တခြားအရေးကိစ္စတွေမှာ ပိုရှိနေတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကို စွဲချက်တင်ခဲ့တာ ၃ နှစ်ကျော်လာပါပြီ။ ဒါပေမဲ့ စီရင်ချက်က အခုထိ မထွက်သေးတာပါ။
ဒီအမှုကိစ္စရဲ့ စစ်ဆေးမှုတွေဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ပြီးဆုံးခဲ့တာပါ။ အားလုံးက စီရင်ချက်ကို မျှော်လင့်စောင့်စားနေကြပေမဲ့ အချိန်ကြာမြင့်နေတာ ဖြစ်ပါတယ်။











