DVB Logo
Home
မြန်မာသတင်း
ကိုရီးယားတွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားရုပ်အလောင်းကို နေရပ် ပြန်ပို့
DVB
·
July 29, 2026
Photo: Yonhap
Photo: Yonhap
Donate to DVB

အခုလဆန်းပိုင်းက တောင်ကိုရီးယားနိုင်ငံ ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကြောင့် သေဆုံးသွားခဲ့တဲ့ မြန်မာလုပ်သား ကိုအောင်မင်းဦးရဲ့ ရုပ်အလောင်းကို နေရပ်ပြန်လည်ပို့ဆောင်လိုက်တဲ့အကြောင်း The Korea Herald သတင်းမှာ ဇူလိုင် ၂၈ ရက်က ဖော်ပြပါတယ်။

အသက် ၃၇ နှစ်အရွယ် ကိုအောင်မင်းဦးဟာ တောင်ကိုရီးယားနိုင်ငံ KTX အမြန်ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်မှာ ဇူလိုင် ၁ ရက် ညနေပိုင်းက မြေသယ်စက်ခါးပတ်ကို တကိုယ်တည်း စစ်ဆေးနေချိန် စက်အတွင်းညပ်မိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကြောင့် အလုပ်သမား အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေနဲ့ ကျန်ရစ်သူ မိသားစု တွေရဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ပရောဂျက် တာဝန်ယူထားတဲ့ SK Ecoplant ကုမ္ပဏီက အများပြည်သူကို တရားဝင် တောင်းပန်ခဲ့ရပါတယ်။

အခုသူ့ရဲ့ ရုပ်အလောင်းကို နေရပ်ပြန်ပို့တဲ့ အစီအစဉ်ကိုတော့ ကိုရီးယားအလုပ်သမား လျော်ကြေးနဲ့ လူမှုဖူလုံရေးဝန်ဆောင်မှုအဖွဲ့ (K-COMWEL) က အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နှုတ်ဆက်အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ပေးခဲ့ပြီးနောက် မိသားစုနဲ့အတူ ရုပ်အလောင်းကို ပြန်လည် ပို့ဆောင်ခဲ့တာပါ။

အေဂျင်စီ ဥက္ကဋ္ဌ ပတ်ဂျောင်ဂီးလ်လည်း နှုတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပြီး အေဂျင်စီ တာဝန်ရှိသူတွေဟာ မိသားစုကို လေယာဉ်စီးတဲ့ ဂိတ်အထိ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြသလို နစ်နာကြေး ထောက်ပံ့ငွေကိုလည်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုရီးယားနိုင်ငံရဲ့ အလုပ်သမားအင်အားစုမှာ နိုင်ငံခြားသား လုပ်သားတွေ ပါဝင်မှု ပိုများ လာတာ နဲ့အမျှ သူတို့ရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကို ဆက်လက် အရှိန်မြှင့် ဆောင်ရွက် သွားမယ်လို့ အေဂျင်စီက ပြောထားပါတယ်။ 

ကိုရီးယားမှာရှိတဲ့ နိုင်ငံခြားသား အလုပ်သမား အရေအတွက်ဟာ ၂၀၂၂ ခုနှစ်မှာ ၈၄၃,၀၀၀ ရှိခဲ့ရာ ကနေ လွန်ခဲ့တဲ့ နှစ်မှာ ၁ ဒသမ ၁ သန်းအထိ ရောက်ရှိခဲ့တာပါ။

"ကိုရီးယားနိုင်ငံတဝန်းက စက်မှုဇုန် စိုက်ခင်းတွေမှာ နိုင်ငံခြားသား အလုပ်သမားတွေဟာ ပိုမို အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာတာနဲ့အမျှ အစိုးရ အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့တင် မကဘဲ ကျန်ရစ်သူ မိသားစု တွေကိုလည်း ဂုဏ်သိက္ခာရှိစွာ ဆက်ဆံဖို့ တာဝန်ရှိပါတယ်" လို့ ပတ်က ပြောပါတယ်။

ကိုအောင်မင်းဦးဟာ စီမံကိန်းရဲ့ အဓိကကန်ထရိုက်တာ SK Ecoplant လက်အောက်ခံ LT Sambo ကုမ္ပဏီမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။

အစိုးရစီမံကိန်းလုပ်ငန်းခွင်တွေမှာ အန္တရာယ်ရှိတဲ့အလုပ်တွေကို အနည်းဆုံး ၂ ယောက် တွဲလုပ်ဆောင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိပေမဲ့ ဖြစ်စဉ်အချိန်မှာ သူဟာတယောက် တည်း အလုပ်လုပ်နေရတာဖြစ်သလို မတော်တဆမှုဖြစ်ပွားခဲ့တဲ့ စက်ခါးပတ်မှာ အရေးပေါ်ရပ်တန့်စနစ် တပ်ဆင်ထားခြင်းမရှိဘူးလို့ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

Source: The Korea Herald

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013