DVB Logo
Home
Lead Story
စစ်အာဏာရှင် မင်းအောင်လှိုင် ထိုင်းခရီးစဥ် စတင်
DVB
·
August 6, 2026
စစ်အာဏာရှင် မင်းအောင်လှိုင် ထိုင်းခရီးစဥ် စတင်
1 / 3
Photo: Head of State
Donate to DVB

မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် သြဂုတ် ၆ ရက် မနက်ပိုင်းက နေပြည်တော်ကနေ လေကြောင်း ထွက်ခွာသွားပါတယ်။

စစ်အာဏာရှင်နဲ့  မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ သြဂုတ် ၆ ရက်ကနေ  ၇ ရက်အထိ ၂ ရက်တာ  ထိုင်းနိုင်ငံခရီးစဉ်မှာ နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတာနဲ့ မြန်မာ-ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ ကိုလည်း တက်ရောက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို ပေးအပ်မဲ့ အကူအညီတွေကို လွှဲပြောင်းပေးအပ်သွားမယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

စစ်အာဏာရှင်ကို ထိုင်းအစိုးရအနေနဲ့ အစိုးရအိမ်တော်မှာ ကြိုဆိုပွဲပြုလုပ်သွားမှာဖြစ်ပြီး ပြင်ဆင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် သြဂုတ် ၅ ရက်က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013