DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တခု ဖြစ်လာနိုင်ဟု ဒေါက်တာထွန်းလွင်ပြော
DVB
·
July 21, 2019
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တခု ဖြစ်လာနိုင်ဟု ဒေါက်တာထွန်းလွင်ပြော
Donate to DVB

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေထုမငြိမ်မသက်မှုကြောင့် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တခု ဖြစ်လာနိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ဇူလိုင် ၂၁ ရက် မနက်အစောပိုင်းမှာ လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၀ ရက်နေ့ မနက် ၉ နာရီအချိန် KALPANA_1 ဂြိုဟ်တုမှ တိုင်းတာပေးချက်အရ၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါတယ်။

မွန်-တနင်္သာရီ ကမ်းရိုးတန်း နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး  လှိုင်းအမြင့် ၆ ပေမှ ၁၀ ပေခန့်၊ ကျန်မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့် ၃ ပေမှ ၅ ပေခန့် ရှိနိုင်ပါတယ်။

နေ့အပူချိန်တွေကတော့ ကချင်၊ ချင်းပြည်နယ်၊ ရှမ်း၊ ကယား၊ ရခိုင်၊ မွန်၊ ကရင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတို့မှာ 27°C မှ 32°C ခန့်၊ ကျန်ဒေသတွေမှာ 33°C မှ 38°C အထိ ရှိနိုင်ပါတယ်။

မွန် နဲ့ ကရင်ပြည်နယ်၊ ပဲခူးတိုင်း (တောင်ပိုင်း)၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားအဆင့်မှာရှိနိုင်ပြီး ကျန်ဒေသတွေမှာ လွန်ကဲအဆင့်မှာ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ချင်း၊ ရခိုင်ပြည်နယ် နဲ့ မကွေးတိုင်းမြောက်ပိုင်းတို့မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး ကျန် တပြည်လုံးမှာ မိုးတိမ်တောင်အနည်းငယ်မှ အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာကွက်ကျား၊ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်း(အောက်ပိုင်း) တို့မှာ နေရာကျဲကျဲ၊ ကျန်ဒသတွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အရ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့မှာ မိုးပိုလာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013