DVB Logo
Home
မြန်မာသတင်း
ပြည်နယ်၊ တိုင်း အားလုံးတွင် မိုးတိမ်တောင်ကြောင့် မိုးသည်းထန် မိုးကြိုးပစ်နိုင်
DVB
·
April 22, 2016
ပြည်နယ်၊ တိုင်း အားလုံးတွင် မိုးတိမ်တောင်ကြောင့် မိုးသည်းထန် မိုးကြိုးပစ်နိုင်
Donate to DVB

ပြည်နယ်၊ တိုင်း အားလုံးလောက်နီးနီးမှာ အခုကစလို့ နောက် ၇၂ နာရီအတွင်း မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး မိုးသည်းထန်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးထားပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်းတို့မှာ မွန်းလွဲနဲ့ ညနေပိုင်း အချိန်တွေအတွင်း လေထုမငြိမ်မသက်ဖြစ်ရာမှ မိုးတိမ်တောင်များ ဖြစ်လာနိုင်တယ်လို့ သူ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

မိုးတိမ်တောင်များ ဖြစ်ပေါ်လာပါက မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ယေဘုယျအားဖြင့် ဖြစ်ပေါ်တတ်ပါတယ်။

အားကောင်းတဲ့ မိုးတိမ်တောင်ဖြစ်ပါက မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့ကိုပါ ဖြစ်စေတတ်သလို တခါတရံ စိုက်ဆင်းလေပြင်း တိုက်ခတ်တတ်ပါတယ်။

အသေအပျောက် အပျက်အစီး ရှိနိုင်တဲ့အတွက် သတိပြု သွားလာဖို့ လိုတယ်လို့ မိုးလေ၀သပညာရှင်က အကြံပြုထားပါတယ်။

အဲ့ဒီမိုးတိမ်တောင်တွေဟာ မေလကုန်ခန့်အထိ ဖြစ်ပွားတတ်ပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဧပြီ ၂၁ ရက် ညနေပိုင်းက မိုးသည်းထန်ပြီး မိုးကြိုးပစ်ချခဲ့တဲ့အတွက် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013