DVB Logo
Home
မြန်မာသတင်း
ရက်ပိုင်းအတွင်း စံချိန်တင် မိုးရွာသွန်းမည်ဖြစ်၍ ကြိုတင်ပြင်ဆင်သင့်ဟု ဦးထွန်းလွင်ပြော
DVB
·
August 13, 2018
ရက်ပိုင်းအတွင်း စံချိန်တင် မိုးရွာသွန်းမည်ဖြစ်၍ ကြိုတင်ပြင်ဆင်သင့်ဟု ဦးထွန်းလွင်ပြော
Donate to DVB

လာမယ့်ရက်ပိုင်းအတွင်း စံချိန်တင် မိုးရွာသွန်းနိုင်တဲ့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

သြဂုတ် ၁၂ ရက်ကနေ ၁၈ ရက်အတွင်း မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမြောက်ပိုင်း၊ ပဲခူးတိုင်း အရှေ့မြောက်ပိုင်း၊ ကရင်ပြည်နယ်တွေမှာ မိုးရေချိန် ၁၂ လက်မအထက် မိုးရွာနိုင်တဲ့အတွက် သတိပြုထားသင့်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

အဲဒီဒေသတွေကို မိုးကြီးနိုင်တဲ့ ဒေသတွေအဖြစ် ခန့်မှန်းထားပြီး မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမြောက်ပိုင်း သေချာမှု ၉၅ ရာခိုင်နှုန်း အထက်နဲ့ ပဲခူးတိုင်း အရှေ့မြောက်ပိုင်း၊ ကရင်ပြည်နယ်တွေမှာ သေချာမှု ၈ဝ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

မိုးလေဝသပညာရှင် ဦးထွန်းလွင်က “မွန်ပြည်နယ်၊ တနင်္သာရီတိုင်း မြောက်ပိုင်း၊ ကရင်ပြည်နယ်တို့မှာ မိုးများနိုင်တဲ့ အနေအထား ရှိတဲ့အတွက် ရေးကြီးမှု အလားအလာကိုတော့ သတိပြုဖို့ အထူးလိုမှာဖြစ်ပါတယ်။ လက်ရှိအားဖြင့်လည်း ရေဖုံးလွှမ်းတဲ့ ဒေသတွေ ရှိနေသေးတာကြောင့် ဒါကို သတိကြီးစွာထားပြီးတော့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့လည်း လိုပါလိမ့်မယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေကြီးကာလ ၃ ကြိမ်ရှိပြီး ဒုတိယအကြိမ် ရေကြီးကာလ ရောက်နေတဲ့အတွက် ရေဘေးအန္တရာယ်ကို ဂရုပြုရမယ်လို့ ဦးထွန်းလွင်က သတိပေးပါတယ်။

“ရေကြီးတဲ့အခါမှာ လိုအပ်တဲ့ပစ္စည်းတွေ စုဆောင်းတာတို့၊ ရေကြီးတဲ့ ဒေသကနေပြီးတော့ ဘေးလွတ်ရာဒေသကို ကြိုတင်ပြောင်းရွှေ့တာတို့၊ စားနပ်ရိက္ခာ စတာတွေကို ကြိုတင်စုဆောင်းတာတို့ စတဲ့အပိုင်းတွေနဲ့ အရေးပေါ် ဆောင်ရွက်ဖို့ လိုအပ်တဲ့ အစီအစဉ်တွေကို မိမိတို့ရဲ့ ဒေသအလိုက် သက်ဆိုင်ရာ အာဏာပိုင်များနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြဖို့လိုမှာ ဖြစ်ပါတယ်။”

ဇူလိုင်လအတွင်း စံချိန်တင် မိုးရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ လျှံတက်ခဲ့ပြီး ဘားအံမြို့ ရေမြုပ်ခဲ့သလို မွန်ပြည်နယ်၊ ဘီးလင်းမြို့အနီးမှာ လမ်းရေကျော်မှုကြောင့် ကားလမ်းကို ရက်ပိုင်း ပိတ်ထားခဲ့ရပါတယ်။

ဒါ့အပြင် ပဲခူးမြစ်ရေလျှံမှုကြောင့် ပဲခူးမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေ ရေကြီးနစ်မြုပ်ခဲ့ပြီး ရေဘေးသင့်သူ ၈ သောင်းနီးပါးကို ကူညီကယ်ဆယ်ခဲ့ရတယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

လက်ရှိကာလမှာလည်း ထူးကဲဒီရေ မြင့်တက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နဲ့ မွန်ပြည်နယ် ပေါင်မြို့နယ်တဝိုက်မှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013