DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရေပြင်တွင် လှိုင်းလေများဂရုပြုရန် မိုးဇလပညာရှင် ဦးထွန်းလွင် သတိပေး
DVB
·
May 24, 2017
မြန်မာ့ရေပြင်တွင် လှိုင်းလေများဂရုပြုရန် မိုးဇလပညာရှင် ဦးထွန်းလွင် သတိပေး
Donate to DVB

မေလ ၂၄ ရက်မှ ဇွန်လ ၆ ရက်အတွင်း မြန်မာ့ရေပြင်ပေါ်မှာ မုန်တိုင်းဖြစ်ပေါ်ခြင်းနဲ့အတူ အနောက်တောင်မုတ်သုံလေဦးကလည်း မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရခိုင်ကမ်းရိုးတန်းဒေသကို ဝင်ရောက်လာလိမ့်မယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းပါတယ်။

မေလနောက်ဆုံးပတ်မှာ မြစ်ဝကျွန်းပေါ်ဒေသကို မုတ်သုံလေဝင်ရောက်ပြီး ဇွန်လဆန်းမှာ  အနောက်တောင်မုတ်သုံလေ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်လိမ့်မယ်လို့လည်း ခန့်မှန်းပါတယ်။

လာမယ့်ရက်တွေမှာတော့ ကမ်းရိုးတန်းဒေသတွေနဲ့ မြန်မာ့ပင်လယ်ရေပြင်မှာ မိုးတွေ၊ လေတွေ၊ လှိုင်းတွေကို သတိထားရပါလိမ့်မယ်လို့ ဒေါက်တာ ဦးထွန်းလွင်က ဒီကနေ့ညနေ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မိုးလေဝသ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

မိုးဇလဌာနကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေတယ်လို့ ဒီကနေ့ညနေ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013