DVB Logo
Home
မြန်မာသတင်း
ဘားအံ အာဇာနည်နေ့ အခမ်းအနား လူဦးရေ ၁ သောင်းခန့် လွမ်းသူပန်းခွေချ အလေးပြု
DVB
·
July 19, 2019
ဘားအံ အာဇာနည်နေ့ အခမ်းအနား လူဦးရေ ၁ သောင်းခန့် လွမ်းသူပန်းခွေချ အလေးပြု
1 / 7
Donate to DVB

ဒီနေ့ ကျရောက်တဲ့ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့ အမှတ် ၃ ရပ်ကွက်၊ အာဇာနည်ကျောက်တိုင်ကွင်းမှာပြုလုပ်ခဲ့ပြီး လူဦးရေ ၁ သောင်းလောက် လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။

၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲဝင် ၀န်ကြီးတွေ၊ ဌာနဆိုင်ရာတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ၊ ၈၈ မျိုးဆက် ငြိမ်း/ပွင့်အဖွဲ့ဝင်တွေ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေနဲ့ ကျောင်းသားသမဂ္ဂ၊ အခြေခံပညာကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံပြည်သူတွေက အာဇာနည်ဗိမာန်မှာ လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြတာပါ။

ကရင်ပြည်နယ် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က “နောင်လာနောင်သားတွေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်းခေါင်းဆောင်ကြီးတွေကို မမေ့ပျောက်အောင် ဘာလုပ်ရမလဲဆိုတော့ ဗိုလ်ချုပ်လမ်းညွှန်မှာကြားတဲ့ လမ်းညွှန်ချက်တွေအတိုင်း တိုင်းပြည်ကောင်းအောင် စိတ်ရင်းစေတနာနဲ့ ဆောင်ရွက်ပေးကြဖို့” လို့ တိုက်တွန်း ပြောဆိုပါတယ်။

ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင် မန်းဘခိုင်ရဲ့မြေး ဘားအံမြို့နယ်၊ ဘီဂျီကျေးရွာနေ  ဒေါ်နန်းသက်သက်ခိုင်က “အန်အယ်လ်ဒီအစိုးရတက်ခါမှ ဥသြဆွဲတာတွေကို ပြန်ပြီးလုပ်ပေးတော့ တအားဝမ်းသာတာပေါ့။ လုပ်သင့်လုပ်ထိုက်တယ်လေ။ တိုင်းပြည်အတွက် အသက်ပေးလှူသွားတဲ့အတွက် နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် နမူနာပြယုဂ်တခုပဲလေ။ အခုလိုပြန်လည်ကျင်းပပေးတာ ၀မ်းသာပါတယ်” လို့ ပြောပါတယ်။

မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ၀မ်းနည်ခြင်းအထိမ်းအမှတ် ဥသြဆွဲရာ ၂ မိနစ်ငြိမ်သက်ပြီး လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013