
မားစ်ဂြိုလ်ရဲ့ လတစင်းဖြစ်တဲ့ ဖိုဘော့ကို သွားရောက်ပြီး မြေသားနမူနာယူဖို့ ဂျပန်နိုင်ငံက ရည်ရွယ်ထားပါတယ်။
မာတီယန်မွန်းမစ်ရှင် (MMX) မစ်ရှင်ကို အောက်တိုဘာလ ၁၉ ရက်နေ့ စတင်မှာဖြစ်ပြီး အဲဒီမစ်ရှင် အောင်မြင်မယ်ဆိုရင် ပထမဆုံး မားစ်ဂြိုဟ်ရဲ့ လကို သွားရောက်နိုင်တဲ့နိုင်ငံ ဖြစ်လာမှာပါ။
နေအဖွဲ့အစည်းထဲမှာ လ ၃ စင်းရှိပြီး ကမ္ဘာဂြိုဟ်မှာ လတစင်းရှိကာ မားစ်ဂြိုဟ်မှာ လ ၂ စင်း ရှိပါတယ်။
ဖိုဘော့လဟာ အတွင်းပိုင်းကျတဲ့ လဖြစ်ပြီး အချင်းမိုင် ၁၂ မိုင် အကျယ်ရှိကာ ၆ မိုင်ရှိတဲ့ ဒိုင်မော့လ အရွယ်အစားထက် ၂ ဆပိုကြီးပါတယ်။
ဖိုဘော့လကို သွားရောက်မဲ့ အာကာသယာဉ်မှာ ဂျာမန်အာကာသစင်တာနဲ့ ပြင်သစ် အာကာသအေဂျင်စီ CNES တို့ ပူးပေါင်းဖန်တီးထားတဲ့ ယာဉ်အငယ်စားလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ဖိုဘော့လပေါ်ကို ဆင်းသက်ဖို့နဲ့ မြေသားနမူနာယူဖို့ အဲဒီယာဉ်ကို ဒီုဇိုင်းထုတ်ထားတယ်လို့ ဆိုပါတယ်။
ဖိုဘော့ကိုသွားဖို့ အချိန် ၅ နှစ် ကြာမယ်လို့ မျှော်လင့်ထားပြီး မြေသားနမူနာယူကာ ကမ္ဘာကို ပြန်လာဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ဖိုဘော့ခရီးစဉ်အတွက် လွှတ်တင်မဲ့ အာကာသယာဉ်ဟာ ၂၀၃၁ မှာ ကမ္ဘာကို ပြန်ရောက်မယ်လို့ NHK သတင်းဌာနက ဖော်ပြပါတယ်။
ဒီအာကာသယာဉ်ဟာ ၂၀၃၁ ခုနှစ်မှာ ဩစတြေးလျနိုင်ငံတောင်ပိုင်း ဝူမီယာသဲကန္တာရမှာ ဆင်းသက်မှာ ဖြစ်ပါတယ်။
Source: Reuters











