DVB Logo
Home
မြန်မာသတင်း
ဗလီဟုတ်မဟုတ် စစ်ဆေးပေးရန် မိုက်ကယ်ကျော်မြင့်၏ လျှောက်လဲချက် တရားရုံးပယ်ချ
DVB
·
July 13, 2019
ဗလီဟုတ်မဟုတ် စစ်ဆေးပေးရန် မိုက်ကယ်ကျော်မြင့်၏ လျှောက်လဲချက် တရားရုံးပယ်ချ
Donate to DVB

တောင်ဒဂုံ ၂၆ ရပ်ကွက်က နေအိမ်အဆောက်အဦဟာ ဗလီဟုတ်တယ်မဟုတ်ဘူးဆိုတာ သွားရောက်စစ်ဆေးပေးဖို့ မိုက်ကယ်ကျော်မြင့်တင်သွင်းတဲ့ လျောက်လဲချက်ကို တောင်ဒဂုံ တရားရုံးက ပယ်ချလိုက်ပါတယ်။ 

အခုလိုပယ်ချတာဟာ ရပ်ကွက်အတွင်း သွားရောက်စစ်ဆေးပါက ရပ်ကွက်နေပြည်သူတွေနဲ့ နှစ်ဘက်ထိတ်တိုက်တွေ့ဆုံမှု ဖြစ်နိုင်တဲ့အတွက် လုံခြုံရေးအခြေအနေ အကြောင်းပြပြီး ပယ်ချခဲ့တာလို့ မိုက်ကယ်ကျော်မြင့် အမျိုးသမီးကပြောပါတယ်။ 

ရန်ကုန်မြို့ တောင်ဒဂုံမှာ ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်အောင် ဖန်းတီးခဲ့မှုနဲ့ပတ်သက်ပြီး မိုက်ကယ်ကျော်မြင့်နဲ့ ဦးသီဟမျိုးနိုင်တို့ကို ဇူလိုင် ၁၂ ရက်နေ့က တောင်ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။

ရုံးချိန်းမှာ ပြီးခဲ့တဲ့အပတ်က မိုက်ကယ်ကျော်မြင့်တင်သွင်းတဲ့ တောင်ဒဂုံ ၂၆ ရပ်ကွက်က နေအိမ်အဆောက်အဦဟာ ဗလီပုံစံဟုတ်မဟုတ်ကို သွားရောက်စစ်ဆေးပေးဖို့ လျောက်လဲချက်ကို တရားရုံးက ပယ်ချခဲ့ပြီး တရားလိုပြသက်သေအဖြစ် မြို့နယ် ဒုဦးစီးမှူးကို ဆက်လက် စစ်ဆေးခဲ့တာပါ။ 

မိုက်ကယ်ကျော်မြင့်နဲ့ ဦးသီဟမျိုးနိုင်တို့ကို တောင်ဒဂုံမြို့နယ်မှာ ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်အောင်လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့် စစ်ဆေးနေတာ ဖြစ်ပါတယ်။

ချမ်းမြေ့မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013