
မန်ချက်စတာစီးတီးအသင်းရဲ့ ပြစ်ဒဏ်ချမှတ်ခံရမှုအပေါ် အယူခံဝင်ထားတဲ့ကိစ္စမှာ တရားမျှတမှု အပြည့်အဝ ပြန်ရလာမယ်လို့ အသင်းရဲ့ ဂိုးသမား ဒွန်နာရာမာရဲ့ အေးဂျင့်က ပြောလိုက်ပါတယ်။
လက်ရှိမှာ အသင်းနဲ့ ပတ်သက်သူအားလုံး တည်တည်ငြိမ်ငြိမ် ရှိနေကြကြောင်းလည်း အတည်ပြု ပြောဆိုလိုက်တာပါ။
မန်စီးတီး တာဝန်ရှိသူတွေဟာ ဂိုးသမား ဒွန်နာရာမာကို အခြေအနေတွေနဲ့ ပတ်သက်ပြီး စိတ်အေးရအောင် သေချာအာမခံ ပြောကြားထားတာ ဖြစ်ပါတယ်။
ဒါကြောင့် အယူခံဝင်မှု အဆုံးသတ်ချိန်မှာ အသင်းအတွက် တရားမျှတတဲ့ ဆုံးဖြတ်ချက် ပြန်ရလိမ့်မယ်လို့ အေးဂျင့်ဖြစ်သူက အပြည့်အဝ ယုံကြည်နေတာ ဖြစ်ပါတယ်။











