DVB Logo
Home
မြန်မာသတင်း
အာဖရိကဝက်တုပ်ကွေး သတိထားရမည့်အခြေအနေရှိ၊ စနစ်တကျပညာပေးရန် အတိုင်ပင်ခံ တိုက်တွန်း
DVB
·
June 29, 2019
အာဖရိကဝက်တုပ်ကွေး သတိထားရမည့်အခြေအနေရှိ၊ စနစ်တကျပညာပေးရန် အတိုင်ပင်ခံ တိုက်တွန်း
Donate to DVB

အာဖရိက ဝက်တုပ်ကွေးရောဂါဟာ သတိထားရမယ့် အခြေအနေမှာ ရှိနေတာကြောင့် ၀န်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရက တောင်သူလယ်သမားတွေကို စနစ်တကျ ပညာပေးဖို့နဲ့ နိုင်ငံဖြတ်ကျော် ကူးစက်မှုမဖြစ်အောင် ကြိုတင်သတိပေးချက်တွေ မြန်မြန်ဆန်ဆန်  ထုတ်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။

ဇွန် ၂၈ ရက်နေ့ ဓနုဖြူမြို့နယ်မှာ ပြုလုပ်တဲ့ တောင်သူလယ်သမားတွေနဲ့တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

“မွေးမြူရေးနဲ့ ပတ်သက်ရင် အာဖရိက ဝက်တုပ်ကွေးရောဂါ (Africa Swine Flu)ကို သတိထားရဖို့ အခြေအနေမှာ ရှိနေပါတယ်။ အာဆီယံနိုင်ငံအချို့မှာ ဒီကပ်ဘေးဟာ ထိခိုက်မှု အလွန်ပဲ ကျယ်ပြန့်နေပါတယ်။ ကျမတို့ရဲ့ တောင်သူလယ်သမားကြီးတွေ အနေနဲ့လည်း ဝက်မွေးမြူရေးကို အများအပြား လုပ်နေကြတော့ ဒီကိစ္စအပေါ်မှာ အထူးသတိထားပြီး ကာကွယ်မှုတွေ ကြိုတင်လုပ်ဆောင်ထားဖို့ အရေးကြီးပါတယ်။ ဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး အစိုးရကလည်း ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီးတွေကို စနစ်တကျ ပညာပေးဖို့နဲ့ လိုအပ်တာတွေ ပြင်ဆင်ဆောင်ရွက်ထားဖို့ အရေးကြီးတဲ့အတွက် အထူးမှာကြားလိုပါတယ်။ ဒီလိုမျိုးနိုင်ငံဖြတ်ကျော်ပြီး ကူးစက်မှုတွေ မဖြစ်အောင် ကြိုတင်သတိပေးချက်တွေ မြန်မြန်ဆန်ဆန် ထုတ်ပေးဖို့၊ သတိပြုသင့်တဲ့ အခြေအနေတွေကို မျှဝေပေးဖို့ လိုအပ်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍတွေမှာ ဓာတုဆေးဝါးတွေ အလွန်အကျွံမသုံးစွဲကြဖို့လည်း အတိုင်ပင်ခံက ပြောပါတယ်။

“မလိုအပ်ဘဲ ဓာတုဆေးဝါးတွေ အလွန်အကျွံသုံးစွဲရင် ကျွန်မနိုင်ငံက လယ်ယာ ထွက်ကုန်တွေဟာ ပြည်တွင်း၊ ပြည်ပဈေးကွက်မှာနာမည် ဂုဏ်သတင်းထိခိုက်စေမှာ ဖြစ်ပါတယ်။ ကုန်သွယ်မှုမှာပဲ ဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ရာမှာပဲ ဖြစ်ဖြစ် ယုံကြည်မှုနဲ့ စိတ်ချနိုင်မှုက အထူးပဲ အရေးကြီးပါတယ်။ ယုံကြည်မှု ပျက်စီးသွားပြီ၊ စိတ်ချ နိုင်မှုမရှိတော့ဘူးဆိုရင် ပျက်စီးသွားတဲ့ နာမည်၊ ဂုဏ်သတင်းကို ပြန်ပြီး တည်ဆောက်ရတာ အင်မတန်ခက်ခဲပါတယ်။ ကျမတို့ စားသုံးသူတွေရဲ့ မျှော်မှန်းချက်၊ စားသုံးသူ တွေရဲ့ ကျန်းမာရေးကိုလည်း ထုတ်လုပ်သူဖြစ်တဲ့ ကျမတို့ရဲ့ တောင်သူလယ်သမားကြီး တွေက တာဝန်ယူ၊ တာဝန်ခံပေးဖို့ လိုအပ်ပါတယ်။”

ကျေးလက်ဒေသ တောင်သူလယ်သမားအများစုဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ဒွန်တွဲပြီး လုပ်ဆောင်နေကြတာကြောင့် ကျေးလက်တောင်သူတွေ စုပေါင်းလုပ်ဆောင်နိုင်မယ့် ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ သမ၀ါယမစနစ်ကို စနစ်တကျ လုပ်ဆောင်သွားရမယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုနဲ့ ဓနုဖြူမြို့နယ်  တောင်သူလယ်သမားတွေ တွေ့ဆုံပွဲမှာ ဆန်စပါးလုပ်ငန်းရှင်တွေ၊ တောင်သူလယ်သမားတွေ ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံရှိ ပြည်နယ်အနှံ့မှာ အာဖရိက ဝက်တုပ်ကွေးရောဂါ (Africa Swine Flu) ကြောင့် ၀က်အကောင်ရေ ၁ သန်းကျော် ဖျက်ဆီးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013