DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် အမျိုးသား ၁ ဦး မိုးကြိုးအပစ်ခံရ၍ သေဆုံး
DVB
·
June 27, 2019
မုံရွာတွင် အမျိုးသား ၁ ဦး မိုးကြိုးအပစ်ခံရ၍ သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အလုံမြို့၊ ရွှေပြည်အေးရပ်ကွက်၊ အမှတ် ၁ ဇီးတောကျေးရွာအနီး အုတ်စက်မှာ နေထိုင်သူတဦး ဇွန် ၂၆ ရက် ညနေပိုင်းက မိုးကြိုးထိမှန် သေဆုံးခဲ့ပါတယ်။

သေဆုံးသူက အသက် ၅၇ နှစ်အရွယ် ဦးကျော်မြင့်ဆိုသူဖြစ်ပြီး မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကနေလာရောက်ကာ NH အုတ်စက်မှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။

မိုးကြိုးထိမှန်လို့ ဦးကျော်မြင့်ရဲ့ ခေါင်းမှာ ဆောင်းထားတဲ့ဦးထုပ်နဲ့ ဝတ်ဆင်ထားတဲ့ အင်္ကျင်္ိ မီးလောင် စုတ်ပြဲသွားခဲ့သလို ခန္ဓာကိုယ်ဝဲနံဘေးမှာလည်း မီးလောင်စုတ်ပြဲဒဏ်ရာတွေ ရရှိကာ နေရာတင်သေဆုံးခဲ့တာလို့ မုံရွာမြို့မစန်းမှူး ဒုရဲမှုးဝင်းနိုင်က ပြောပါတယ်။

“သတင်းကြားကြားခြင်း အခင်းဖြစ်ရာကို သွားရောက်စစ်ဆေးခဲ့တယ်။ သူက တယောက်ထဲနေတာပေါ့။ မိုးရွာတဲ့အချိန်မှာ အပြင်ထွက်တာကနေ အခုလိုဖြစ်သွားတာပါ။ စခန်းမှာတော့ သေမှုသေခင်းဖွင့်ပြီး အလောင်းကိုတော့ မုံရွာဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်”

အခုလိုမိုးကြိုးပစ်သေဆုံးမှုက မုံရွာမြို့မှာ ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။  သေဆုံးမှုကိုတော့ မုံရွာမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၃၀/၂၀၁၉ နဲ့ဖွင့်ပြီး လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013