DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် ပထမဆုံးအကြိမ်အဖြစ် Food Box ထားရှိ
DVB
·
June 21, 2019
မုံရွာမြို့တွင် ပထမဆုံးအကြိမ်အဖြစ် Food Box ထားရှိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ ဘုန်စိုးကျောင်းဝင်းအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အခမဲ့စားသုံးနိုင်တဲ့ Food Box ကို ရပ်ကွက်လူငယ်တွေက ဇွန် ၂၁ ရက်မှာ ထားရှိခဲ့ကြပါတယ်။

ဝေဖာ၊ မုန့်၊ သရက်သီး၊ ငှက်ပျောသီးနဲ့ တခြား အသင့်စား အစားအစာတွေ ၅ မျိုးထက်မနည်း ထားရှိခဲ့ကြပါတယ်။

“ကျနော့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ကျနော်တို့ ဘုန်းစိုး ကုသိုလ်ဖြစ် သန့်ရှင်းရေး လူငယ်အဖွဲ့နဲ့ ပူးပေါင်းပြီး လုပ်ဖြစ်တာပါ။ အချိန်အကန့်အသတ်မရှိ ဆက်လက် လုပ်ဆောင်သွားမှာပါ။ အခုလည်း အလှူရှင်တွေ ဆက်သွယ်လာရောက်လှုဒါန်းတာတွေ ရှိနေပါတယ်။ နောက်လ ၁ ရက်နေ့ကနေစတင်ပြီး ဗိုလ်ချုပ်လမ်း ဇောင်ကြမ်းပင် ကျောင်းရှေ့မှာလည်း တိုးချဲ့ထားရှိသွားမှာပါ” လို့ ကိုဖြိုးပြည့်စုံက ပြောပါတယ်။

လက်ရှိမှာတော့ Food Box ထားရှိပြီး နာရီပိုင်းအတွင်းမှာပင် ငွေကျပ် ၁ သောင်ကျော်ဖိုး အသင့်စား စားစရာတွေ ကုန်သွားပြီး ထပ်ဖြည့်တာတွေ လုပ်နေပါတယ်။ လိုတာထက် ပိုယူတာလည်း တွေ့ရတယ်လို့ဆိုပါတယ်။

လတ်တလောမှာတော့ လိုအပ်ရင် ဖြည့်ဆည်းပေးဖို့ စောင့်ကြည့်ပေးနေတာတွေရှိပြီး ယူတဲ့သူတွေအပေါ်မှာတော့ တစုံတရာ ကန့်ကွက်တာ၊ တားဆီးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

Food Box အပေါ်ဘက်မှာ သင်လည်းစား၊ နောက်လူအတွက်လည်း ချန်ထား၊ လိုရင်ယူ ပိုလျှင်လှုဆိုတဲ့ စာတမ်းပါ ဗွီနိုင်းကိုလည်း ချိတ်ဆွဲထားပါတယ်။

အရင်ကလည်း မုံရွာမြို့မှာ ရောင်းသူမယ့် အအေးဆိုင်တွေ၊ ဖတ်ပြီးပြန်ထား လမ်းဘေး စာကြည့်တိုက်ငယ်တွေ ထားရှိခဲ့ပေမယ့် ရက်ပိုင်း၊ လပိုင်းအတွင်းမှာပဲ အောင်မြင်မှုမရဘဲ ကွယ်ပျောက်သွားခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013