DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်
DVB
·
June 23, 2019
ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီး (မျက်နှာစုံညီ) အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးကို ဇွန် ၂၂ ရက် ညနေ ၅ နာရီက The Athenee Hotel , Grand Hall မှာ ကျင်းပခဲ့တာဖြစ်ပြီး အာဆီယံနိုင်ငံတွေ နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရ အဖွဲ့အကြီးအကဲတွေ၊ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာပါ။

အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း) က အဖွင့် အမှာစကားပြောကြားခဲ့ပါတယ်။ အစည်းအဝေးမှာ အာဆီယံ အသိုက်အဝန်း ထူထောင်ခြင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိတ်ဖက်ပြုမှု တိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်တွေကို အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က အာဆီယံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံကိုယ်စားလှယ်များတွေ့ဆုံပွဲ၊ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံလူငယ်ကိုယ်စားလှယ်များတွေ့ဆုံပွဲ၊ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတို့ကိုလည်း တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013