DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း  စက်ကရိယာအသုံးပြုပြီး လယ်ယာလုပ်ကိုင်မှု တိုးတက်လာ
DVB
·
June 20, 2019
ဧရာဝတီတိုင်းအတွင်း  စက်ကရိယာအသုံးပြုပြီး လယ်ယာလုပ်ကိုင်မှု တိုးတက်လာ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်ကရိယာတွေအသုံးပြုပြီး လယ်ယာ လုပ်ငန်း လုပ်ကိုင်နေမှုဟာ ၉၇ ရာခိုင်နှုန်းလောက်ရှိနေပြီလို့ စက်မူလယ်ယာဌာန တာဝန်ရှိသူက ပြောပါတယ်။

ဧရာဝတီတိုင်းဟာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး လယ်နဲ့ ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြတာဖြစ်ပြီး တိုင်းဒေသကြီးမှာ ရှိတဲ့ လူဦးရေရဲ့  ၇၅ ရာခိုင်နှုန်းကျော်ဟာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေကြရပါတယ်။

ဟသာင်္တခရိုင် စက်မှုလယ်ယာဦးစီးအရာရှိ ဦးအောင်တိုးက “ခုလက်ရှိ လယ်ယာ လုပ်ကိုင်သူတွေ အများစုကြုံတွေ့နေကြရတာကတော့ လုပ်သားရှားပါးတဲ့ ပြဿနာ။ အဲတော့ စက်ကရိယာတွေကို အစားထိုး အသုံးပြုလာနေကြပါတယ်။ ကျနော်ဌာနက စက်ကရိယာ ပေါင်းစုံကို ဝန်ဆောင်မှုပေးနေပါတယ်။ တိုင်းဒေသကြီးတခုလုံး အနေနဲ့ ၉၇ ရာခိုင်နှုန်းကျော်ဟာ လယ်ယာလုပ်ငန်းခွင်တွေမှာ စက်ကရိယာတွေကို အစားထိုး အသုံးပြုလာနေပြီလေ။ ခုနောက်ပိုင်းကတော့ ကျနော်တို့ဌာနရယ် အစိုးရပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး တောင်သူတွေ လိုအပ်ချက်တွေ ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စပါးကို နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး စိုက်ပျိုးသလို ယာသီးနှံတွေကိုလည်း သုံးရာသီလုံး စိုက်ပျိုးလာနေကြတာပါ။ မြစ်ဝကျွန်းပေါ် အများစုမှာတော့ ဆောင်းသီးနှံကို အဓိကထား စိုက်ပျိုးကြပါတယ်။

လယ်ယာလုပ်ကိုင်နေတဲ့ အင်္ဂပူမြို့နယ် ညောင်ကျိုးဒေသခံ ဦးညိုဝင်းက “အများစုကတော့ စက်ကရိယာတွေပဲ သုံးတာမှန်ပါတယ်။ အဓိက ထွန်းယက်တာ ရိတ်သိမ်းတာလောက်ပဲ လုပ်နိုင်တာပါ။ အချို့စပါးရိတ်သိမ်းချိန် မိုးများနေရင် ဘယ်စက်နဲ့ရမလည်း။ လူနဲ့ပဲလုပ်ရ တယ်လေ။ ယာကျတော့ ဒီအတိုင်းပဲ ထွန်ချိန်လောက်လွတ် ကျန်တဲ့အချိန် လူအင်အားသုံးရတယ်။ အစိုးရအနေနဲ့လည်း ကူညီပါတယ်။ အရင်ထက်တော့ နည်းနည်း ပိုလာတယ်။ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ထွန်စက်၊ စပါးရိတ်သိမ်းခြွေလှေ့စက်တွေ ခုနောက် ဝယ်လို့ရလာပြီလေ။ ဒါပေမဲ့ အဓိကဈေးပဲသီးနှံးဈေးကို မထိန်းချုပ်နိုင်ဘူး တောင်သူတွေပဲ ခံရတယ်။ ပြီးတော့ စိုက်ပျိုးတဲ့အချိန်မှာ ဥပမာ စပါးဆို ဘယ်မျိုးစိုက် သူတို့တာဝန်ယူဝယ်၊ ပြောင်းဆို ဘာစိုက်ပေါ့။ အဲလိုမဟုတ်တော့ ခက်တယ်။ စက်ကရိယာရှိလည်း ဒုံးရင်းပါပဲလို့” ပြောပါတယ်။

ခုနှစ်အတွင်းမှာ ဧရာဝတီတိုင်းက မြို့နယ်အများစုမှာ ကုမ္ဗဏီတွေအများစုက စက်ကရိယာတွေ အသုံးပြုပုံကို ကွင်းဆင်းသရုပ်ပြတာတွေ လုပ်ဆောင်လာနေကြသလို စိုက်ပျိုးရေး ဦးစီးဌာနကလည်း ကွင်းဆင်းပြီး မြေဓာတ်တိုင်းထွာတာ၊ စိုက်ပျိုးချိန်မှာ မြေပြုပြင်တာတွေ စနစ်တကျ လုပ်ကိုင်လာနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013