DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် ကျေးရွာချင်းဆက်တံတား အောက်ခြေအလယ်တိုင်ပြိုကျ၊ ဒေသခံများ သွားလာရေး အခက်ကြုံ
DVB
·
June 8, 2019
ပဲခူးတွင် ကျေးရွာချင်းဆက်တံတား အောက်ခြေအလယ်တိုင်ပြိုကျ၊ ဒေသခံများ သွားလာရေး အခက်ကြုံ
Donate to DVB

ပဲခူးတိုင်း ပဲခူးမြို့နယ်မှာ ကျေးလက်ဦးစီးဌာနကနေ ၂၀၁၈ ခုနှစ်က တည်ဆောက်ထားတဲ့ ကျေးရွာခြင်းဆက် တံတားတစင်း ပြီးခဲ့တဲ့ရက်က မိုးရွာသွန်းမှုကြောင့် အောက်ခြေအလယ်တို ပြိုကျ ပျက်စီးသွားခဲ့တာကြောင် ဒေသခံတွေ သွားလာရေး အခက်အခဲ ကြုံနေရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းလောက်က ပဲခူးမြို့နယ် မဲခုံကျေးရွာနဲ့ အထက်ဇိုင်းဂနိုင်းကြီးကျေးရွာတို့ကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက် တံတားတစင်း မိုးရွာသွန်းမှုကြောင့် အောက်ခြေအလယ်တိုင် ရေတိုက်စားပြီး ပြိုကျသွားတာပါ။

အဲဒီတံတားကို သဲဖြူချောင်းတံတားလို့ ခေါ်ပြီး အရှည်ပေ ၇၀၊ အနံ ၁၄ ပေ နဲ့ အမြင့် ၂၅ ပေရှိတဲ့တံတားဖြစ်ပါတယ်။

ဒီတံတားကို မဲခုံကျေးရွာ ဇိုင်းဂနိုင်းကြီး၊ ကျွန်းဦး၊ ကျွဲတဲကုန်းအပါအ၀င် ရွာပေါင်း ၂၀ လောက်က အဓိကထား သွားလာနေရတဲ့ တံတားတစင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၄ နှစ်လောက်ကစပြီး ဒီတံတားကို ဒေသခံတွေ စုပေါင်းပြီး ကိုယ်ထူကိုယ်ထ စနစ်နဲ့ ပြင်ဆင်ထားကြတာပါ။ နောက်ပိုင်း ၂၀၁၇၊ ၂၀၁၈ လောက်မှ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ သန်းပေါင်း ၃၀ လောက် အကုန်ခံပြီး အပေါ်ပိုင်းတွေကို ပြင်ဆင်ပေးခဲ့တာလို့ ဆိုပါတယ်။

တံတား အောက်ခြေအလယ်တိုင် ရေတိုက်စားပြီး ပြိုလဲသွားတာကြောင့် တံတားကို ကားတွေ ဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ ဆိုင်ကယ်တွေလောက်ပဲ သွားလာလို့ ရတဲ့အတွက် ကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူတွေ သွားလာရေးအတွက် အခက်အခဲ ကြုံနေရတယ်လို့  ဇိုင်းဂနိုင်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။

ဇိုင်းဂနိုင်းကြီးကျေးရွာနေ ကိုမောင်ထွေးက “ဒီတံတားပျက်သွားရင်တော့ မြို့ရှောင်လမ်းဘက်ကနေ ပတ်သွားမှာဖြစ်ပြီး ဒီတံတားလေးကောင်းရင်တော့ ဒီဒေသက လူတွေအတွက်အဆင်ပြေပါတယ်။ ဒီတံတားကိုပဲ အားပြုသွားလာနေရတာ” လို့ ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက “ဒီမိုးတွင်းမှာ တိုင်းဒေသကြီး ဘက်ဂျက်ကလည်း မရှိတော့တဲ့အတွက် ပြင်နိုင်ဖို့မလွယ်တော့ဘူး။ ဒါကြောင့် ပြည်ထောင်စုကို ကျေးလက်ဦးစီးကနေ ယာယီပြင်ဆင်ဖို့ ရန်ပုံငွေတင်ပြီး တောင်းခိုင်းထားတယ်။ အဲဒီကနေ ကျလာရင်တော့ ဒီမိုးတွင်းသွားလာဖို့အတွက် ပြင်ဆင်နိုင်မယ်” လို့ ပြောပါတယ်။

တံတာကနေ အုတ်၊သဲ ကားတွေ အများဆုံးသွားလာနေပြီး အောက်ခြေအလယ်တိုင် ပြိုကျသွားတဲ့အတွက် တံတားရဲ့ အလယ်လောက်မှာ ကြမ်းခင်းတွေ နိမ့်ကျတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013