DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလား ရေနံကို သုံးပြီး အမေရိကန် ရေနံသိုက်ကို ပြန်ဖြည့်တင်းမည်ဟု ထရမ့်ပ် ပြော
DVB
·
August 31, 2026
Photo: REUTERS/Kevin Lamarque/File Photo
Photo: REUTERS/Kevin Lamarque/File Photo
Donate to DVB

ဗင်နီဇွဲလားနဲ့ မကြာသေးမီက ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်ကနေရလာမဲ့ ရေနံကို ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှု ပြတ်တောက်တာတွေနဲ့ လောင်စာဆီဈေးနှုန်း မြင့်မားမှုတွေကို တုံ့ပြန်ဖို့ မကြာသေးခင်နှစ်တွေအတွင်း သိသိသာသာ လျှော့ချခဲ့တဲ့ မဟာဗျူဟာရေနံသိုက်ကို ပြန်ဖြည့်တင်းရာမှာသုံးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သြဂုတ် ၃၀ ရက်မှာ ပြောပါတယ်။

ဖြည့်တင်းခြင်း လုပ်ငန်းစဉ်ကို မကြာမီစမယ်လို့ ပြောခဲ့ပြီး ဗင်နီဇွဲလားရေနံကို ဗင်နီဇွဲလားကနေ အမေရိကန်ပြည်သူတွေကို ပေးအပ်တဲ့ လက်ဆောင်အဖြစ် ထရမ့်ပ်က လူမှုမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

ဗင်နီဇွဲလား သဘောတူညီချက်ဟာ ရေနံသိုက်အတွက် ဘယ်လောက်မြန်မြန် ထောက်ပံ့ပေးနိုင်မလဲ ဒါမှမဟုတ် အမေရိကန် ယာဉ်မောင်းတွေအတွက် ရေတိုအကျိုးကျေးဇူးတွေ ဘယ်လိုပေးစွမ်းနိုင်မလဲဆိုတာ မရှင်းလင်းပါဘူး။

သောကြာနေ့မှာ ထရမ့်ပ်က ကြေညာခဲ့တဲ့ သဘောတူညီချက်ဟာ ဗင်နီဇွဲလားရဲ့ ပျက်စီးနေတဲ့ ရေနံလုပ်ငန်းကို ပြန်ရှင်သန်စေဖို့ ရည်ရွယ်ပေမဲ့ ထုတ်လုပ်မှု သိသိသာသာ မြင့်တက်လာခင်မှာ သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အအုံလုပ်ငန်းတွေ လိုအပ်မှာ ဖြစ်ပါတယ်။

ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှု၊  အီရန်နဲ့ ပဋိပက္ခအပါအဝင် ကမ္ဘာလုံးဆိုင်ရာ အထောက်အပံ့ ပြတ်တောက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ ဘိုင်ဒန်နဲ့ ထရမ့်ပအစိုးရ နှစ်ရပ်စလုံးလက်ထက်မှာ အမေရိကန်က သိုလှောင်မှုကို လျှော့ချပြီးတဲ့နောက် သြဂုတ် ၂၁ ရက် အထိ ရေနံစည်ပေါင်း သန်း ၂၉၀ သန်းလောက် သိုလှောင်ထားရှိပြီး ၄၄ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ရောက်ဖို့ နီးကပ်နေခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013