DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မှုခင်းဖြစ်ပွားမှု ပိုတိုးလာ၊ မူယစ်ဆေးဝါးမှု အများဆုံးဖြစ်
DVB
·
June 1, 2019
ဧရာဝတီတိုင်းတွင် မှုခင်းဖြစ်ပွားမှု ပိုတိုးလာ၊ မူယစ်ဆေးဝါးမှု အများဆုံးဖြစ်
Donate to DVB

ဧရာဝတီတိုင်းမှာ တနှစ်ထက်တနှစ် မှုခင်းဖြစ်ပွားမှု တိုးလာပြီး မူးယစ်ဆေးဝါးမှုခင်းက ပိုများတယ်လို့ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက ပြောပါတယ်။

ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်၊ ရုံးဒေါင့်ကျေးရွာမှာ မေ ၃၁ ရက်နေ့ ပြုလုပ်တဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့နဲု့ပြည်သူလူထု တွေ့ဆုံပွဲမှာ အခုလို ပြောခဲ့တာပါ။

တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က "တိုးလားတဲ့ မှုခင်းတွေအထဲ ကြည့်မယ်ဆိုရင် မူးယစ်ဆေးဝါးတွေ မှုခင်းတွေက များပြားလာပါတယ်။ တဖက်ကလည်း ခိုး၊ ဆိုး၊ နှိုက်တွေ များလာတာတွေ့ရပါတယ်၊ ၂၀၁၇ ခုနှစ်မှာ အမှုပေါင်း ၆၀၊ ၂၀၁၈ ခုနှစ်မှာ အမှုပေါင်း ၁၈၀ ၊၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အမှုပေါင်း ၈၀ တောင် တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ကျနော်တို့ ပြည်သူဆီက ဘာလိုချင်လဲဆိုတော့ သတင်းပေးတိုင်ကြားမှုကို အလိုချင်ဆုံး ဖြစ်ပါတယ်။ ပြည်သူများ ပူးပေါင်းပါဝင် သတင်းပေးမှ မှုခင်းတွေကို အမြန်ဆုံးဖော်ထုတ်နိုင်မှာဖြစ်တယ်။” လို့ ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်တွေမှာ ဆိုင်ကယ်ပျောက်ဆုံးမှု၊ လူနေအိမ်တွေအတွင်း ပစ္စည်းတွေ ဝင်ရောက်ခိုးယူမှု၊ အမျိုးသမီးတွေ ဝတ်ဆင်ထားတဲ့ ဆွဲကြိုးတွေ ဖြတ်ပြေးတာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ကျိုက်လတ်မြို့နေ ဦးဆန်းအောင်က ပြောပါတယ်။

ကျိုက်လတ်မြို့နယ်မှာ လူဦးရေ ၁၉၄၇၄၂ ယောက်ရှိပြီး ပြည်သူ ၁၁၆၅ ဦးကို ရဲတပ်ဖွဲ့ဝင်တယောက်က စောင့်ကြည့်ပြီး ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေရတယ်လို့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ခင်ဇော်မြင့်က ပြောပါတယ်။

ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်း မကြာခဏ ဆိုင်ကယ် အခိုးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013