
ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မတိုင်ခင်မှာ သမ္မတ ထရမ့်ပ်က အမေရိကန် အမျိုးသားဘောလုံးအသင်းကို ဖုန်းခေါ်ပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။
အမေရိကန်အသင်းဟာ လော့စ်အိန်ဂျလိစ်မြို့က SoFi အားကစားကွင်းမှာ သောကြာနေ့ညက ပါရာဂွေးနဲ့ ကမ္ဘာ့ဖလားပွဲစဉ် စတင်ခဲ့ပါတယ်။
ထရမ့်က အမေရိကန်အသင်း ဗိုလ်စွဲဖို့ အခွင့်အရေးကောင်းတွေ ရှိနေတယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တာပါ။
ဒီဖုန်းခေါ်ဆိုမှုကို အိမ်ဖြူတော် ကမ္ဘာ့ဖလားတာဝန်ခံ အန်ဒရူးဂျူလီယာနီက စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ပ်က နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကို “မင်းက အရမ်းကောင်းတဲ့လူ၊ အရမ်းကောင်းတဲ့ နည်းပြတယောက်ပါ။ မင်းရဲ့ မှတ်တမ်းတွေ၊ အောင်မြင်မှုတွေအကြောင်း ကျနော် သိပါတယ်။ ကစားသမားတွေ ဘယ်လောက်တော်လဲ ဆိုတာလည်း သိပါတယ်” လို့ ချီးကျူးခဲ့ပါတယ်။
နည်းပြ ပိုချက်တီနိုကလည်း “သမ္မတကြီးရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ နိုင်ငံသားအားလုံး ဂုဏ်ယူရအောင် အစွမ်းကုန် ကြိုးစားသွားပါမယ်” လို့ ပြန်ပြောခဲ့ပါတယ်။
ဒီပွဲမှာ ပါရာဂွေးအသင်းဟာ ကိုယ့်ဂိုးကိုယ် ၁ ဂိုးသွင်းမိခဲ့ပြီး ပွဲအပြီးမှာတော့ အမေရိကန်က ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။











