DVB Logo
Home
မြန်မာသတင်း
ဘားအံ ကမ်းနားလမ်းစီမံကိန်း အဂတိကင်းရှင်းဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
DVB
·
May 24, 2019
ဘားအံ ကမ်းနားလမ်းစီမံကိန်း အဂတိကင်းရှင်းဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ တည်ဆောက်နေတဲ့ ကမ်းနားလမ်းစီမံကိန်းဟာ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်ထားတာဖြစ်ပြီး အဂတိကင်းတယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်  နန်းခင်ထွေးမြင့်က ပြောပါတယ်။

မေ ၂၃ ရက်က ကရင်ပြည်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ကရင်ပြည်အစိုးရအဖွဲ့ရဲ့ ပြည်သူအတွက် တတိယ တနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

UHM Development ကုမ္ပဏီက တာဝန်တည်ဆောက်နေတဲ့ ကမ်းနားလမ်း စီမံကိန်းနဲ ပတ်သက်ပြီး ဒေသခံတချို့က သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အဂတိတိုက်ဖျက်ရေး ကော်မရှင်ကို တင်ပြတိုင်ကြားတာတွေ ရှိခဲ့တဲ့အပေါ် အခုလို ပြောဆိုလိုက်တာပါ။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “ကမ်းနားလမ်းစီမံကိန်းက ကျမတို့က ရင်ထဲမှာ ဘာမှမထားဘူးဆိုတာက ကျမတို့က ဘာအမှားမှ မလုပ်ထားဘူး။ စည်းမျဉ်းစည်းကမ်းနဲ့ အညီအကုန်လုံးဆောင်ရွက်ထားတယ်။ အဓိကအကျဆုံးဖြစ်တဲ့ အဂတိလည်း ကျမတို့မှာ တခါမှ မရှိဘူး။ အဂတိလည်း ကင်းအောင်နေခဲ့တဲ့အတွက် ကျမတခါမှမဖြစ်ဘူး။ ရိုးရိုးသားသား ကိုယ့်ပြည်နယ်အတွက် ကြိုးစားခဲ့တာဆိုပြီး ယုံကြည်ချက်ရှိထားတဲ့အတွက် ကျမ ဘာမှလည်း စိတ်ပူနေစရာမလိုဘူး” လို့ ပြောပါတယ်။

အရှည်ပေ ၆၀၀၀ ကျော်ရှိတဲ့ ကမ်းနားလမ်းစီမံကိန်းကို ပြည်နယ်အစိုးရက တင်ဒါခေါ်ယူပြီး တင်ဒါအောင်မြင်ခဲ့တဲ့ UHM Development ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိဖို့ ပြည်ထောင်စု အဆင့်တင်ပြခဲ့ရာ ၂၀၁၇ စက်တင်ဘာ ၁  ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

ဒီစီမံကိန်းကို UHM Development ကုမ္ပဏီက ကျပ်ငွေဘီလီယံ ၉ ဒသမ ၈ သန်း ရင်းနှီးမြှုပ်နှံပြီး နှစ်  ၃၀ လုပ်ပိုင်ခွင့်ရရှိထားကာ ထပ်မံလုပ်ပိုင်ခွင့်ရရှိဖို့ သက်တမ်းတိုး တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ် အခြေစိုက် သတင်းမီဒီယာသမားတွေ တက်ရောက်ကြပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013