DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ အယူခံ ပြည်နယ်တရားလွှတ်တော် ပယ်ချ
DVB
·
May 23, 2019
ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ အယူခံ ပြည်နယ်တရားလွှတ်တော် ပယ်ချ
Donate to DVB

ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ရဲ့အမှု အယူခံလျှောက်လဲချက်ကို ရခိုင်ပြည်နယ် တရားလွှတ်တော်က မေလ ၂၁ ရက်မှာ ပလပ်လိုက်ပါတယ်။

သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်မှာ စစ်တွေခရိုင်တရားရုံးက နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ထောင်ဒဏ်အနှစ် ၂၀ စီ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ဒီပြစ်ဒဏ်နဲ့ပတ်သက်ပြီး အယူခံတင်ရာမှာ နိုင်ငံတော်ဘက်က လိုက်ပါဆောင်ရွက်တဲ့ ဥပဒေအရာရှိတွေနဲ့ အမှုသည်တွေရဲ့ ရှေ့နေတွေက နှစ်ဖက် လျှောက်လဲချက် ကြားနာရမှာ ဖြစ်ပေမယ့် အဲဒီအဆင့်ကို မရောက်ဘဲ အမှုတွဲကို လက်ခံရေးအဆင့်မှာပဲ ပယ်ချခံလိုက်ရတာလို့ ရှေ့နေတွေက ပြောပါတယ်။

ပြစ်ဒဏ်ချမှတ်တဲ့အခါမှာ မူရင်းသက်သေခံပစ္စည်းကို မတင်ပြနိုင်ဘဲ မိတ္တူ သက်သေခံပစ္စည်းအဖြစ် လက်ခံပြီး ပြစ်ဒဏ်ချမှတ်တာဟာ ဥပဒေအရ လွဲမှားနေတယ်ဆိုတဲ့ အချက်ကို ထောက်ပြလိုတာကြောင့် အခုလို အယူခံတင်ခဲ့တာလို့ ဒေါက်တာအေးမောင်ရဲ့ ရှေ့နေတွေက ပြောပါတယ်။

လက်နက်စွဲကိုင် တော်လှန်တာ မဟုတ်ဘဲ ပါးစပ်နဲ့ ဟောပြောခဲ့တဲ့ နိုင်ငံရေးသမားတွေကို အကြီးလေးဆုံးဖြစ်တဲ့ ပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေတယ်လို့လည်း ဝေဖန်မှုတွေ ရှိနေတာပါ။

ထောင်ဒဏ်ကျခံနေရသူ နှစ်ဦးရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေကတော့ ပြည်ထောင်စု တရားလွှတ်တော် အပါအဝင် အဆင့်ဆင့်ကို အယူခံ ဆက်တက်သွားမယ်လို့ ဆိုပါတယ်။

၂၀၁၇ ဇန်နဝါရီလက ရသေ့တောင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် ကျရှုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ရဲ့ ဟောပြောချက်တွေဟာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေတယ် ဆိုပြီး ဖမ်းဆီးထောင်ချခဲ့တာ ဖြစ်ပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013