DVB Logo
Home
မြန်မာသတင်း
အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်
DVB
·
May 21, 2019
အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်
Donate to DVB

အနောက်တောင်မုတ်သုံလေဟာ မေ ၂၁ ရက်ကနေ ၂၃ ရက်အတွင်း မြန်မာပြည် တောင်ပိုင်းဒေသတွေကို စတင်ဝင်ရောက်မယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။

မေ ၂၄ ရက်ကနေ ၂၈ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ၊ မေ ၂၉ ရက်ကနေ ဇွန် ၃ ရက်အတွင်း မြန်မာပြည်အလယ်ပိုင်း ဒေသတွေကို ဆက်လက်ဝင်ရောက်နိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းပါတယ်။

ဒီကာလအတွင်း အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်ရှိနိုင်ပြီး ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

မေလနောက်ဆုံးပတ်မှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးသွန်းမြဲထက်ပိုနိုင်တယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၆ ရက်ကနေ ၈ ရက်လောက် မိုးရွာမယ်လို့ ခန့်မှန်းပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ၃ ရက်ကနေ ၅ ရက်လောက် မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013