DVB Logo
Home
နိုင်ငံတကာ
စပိန်ပို့ဆောင်ရေးဝန်ကြီးဟောင်းကို အဂတိလိုက်စားမှုဖြင့်‌ ထောင်ဒဏ် ၂၄ နှစ် ချမှတ်
DVB
·
June 23, 2026
Photo:Reuters
Photo:Reuters
Donate to DVB

စပိန်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဟောင်း ဟိုဆေး လူဝစ် အာဘာလော့စ်ကို အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးချုပ်က ဇွန် ၂၂ ရက်မှာ စီရင်ချက်ချလိုက်ပါတယ်။

ဒါဟာ အာဏာရ ဆိုရှယ်လစ်ပါတီအပေါ် ရိုက်ခတ်နေတဲ့ ဆက်တိုက်ဆိုသလို အရှုပ်တော်ပုံတွေထဲ က ပထမဆုံး ထွက်ပေါ်လာတဲ့ စီရင်ချက်လည်း ဖြစ်ပါတယ်။

အာဘာလော့စ်ဟာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နှာခေါင်းစည်း (Mask) အပါအဝင် ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ဝယ်ယူတဲ့ အစိုးရတင်ဒါတွေကို မမှန်မကန် ခြယ်လှယ်ခဲ့မှုနဲ့ ပတ်သက်ပြီး ရာဇဝတ်ဂိုဏ်းဖွဲ့မှု၊ လာဘ်ပေးလာဘ်ယူမှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုနဲ့ အာဏာအလွဲသုံးစားလုပ်မှု အစရှိတဲ့ ပြစ်မှုတွေနဲ့ ပြစ်ဒဏ်စီရင်ခံရတာပါ။

ဒါပေမဲ့ ဝန်ကြီးဟောင်း အာဘာလော့စ်က သူဟာ ကိုဗစ်ကာလအတွင်း နှာခေါင်းစည်းတွေကို အမြန်ဆုံးရရှိဖို့ ရသမျှနည်းလမ်း အကုန်သုံးဖို့ပဲ အမြဲတမ်း ညွှန်ကြားခဲ့တာဖြစ်ပြီး ဘယ်သူ့ကို ငှားရမ်း ရမယ် ဆိုတာကိုတော့ တာဝန်ရှိသူတွေကပဲ သင့်တော်သလို ဆုံးဖြတ်ခဲ့ကြတာလို့ ငြင်းဆို ထားပါတယ်။

သူကိုယ်တိုင်ကတော့ ဘယ်သူ့ကိုမှ မငှားရမ်းခဲ့သလို ပစ္စည်းဝယ်ယူရေးအဖွဲ့ထဲမှာလည်း တခါမှ မပါဝင်ခဲ့ဘူးလို့လည်း ပြောလိုက်ပြီး ဒီအမှုဟာ မီဒီယာတွေက လုပ်ကြံဖန်တီးထားတဲ့အမှု ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အလားတူ သူ့ရဲ့လက်ထောက်ဖြစ်သူ ကိုလ်ဒို ဂါစီယာလည်း ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံ ခဲ့ရပါတယ်။

စီးပွားရေးသမား ဗစ်တာ ဒီ အာလ်ဒါမာကိုတော့ ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်ခဲ့ပေမဲ့ ဒီအဂတိ လိုက်စားမှု ကွင်းဆက်ကို ဖော်ထုတ်ရာမှာ ပူးပေါင်းပါဝင်ခဲ့တာကြောင့် တရားရုံးက ထောင်ဒဏ်ကို ဆိုင်းငံ့ပေးခဲ့ပါတယ်။

ဒါပေမဲ့ နောက်ထပ် ပြစ်မှုမကျူးလွန်ဖို့၊ ၆ လတကြိမ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ တင်ပြဖို့နဲ့ လူထုအကျိုးပြုလုပ်ငန်း တနှစ်လုပ်ဆောင်ဖို့ စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။

ဒီအမှုဟာ လွန်ခဲ့တဲ့ ၈ နှစ်က အဂတိလိုက်စားမှုတွေနဲ့ နာမည်ပျက်နေတဲ့ ဗဟိုလက်ယာယိမ်း အစိုးရကို ဖြုတ်ချပြီး “နိုင်ငံရေးကို သန့်ရှင်းအောင်လုပ်မယ်” ဆိုတဲ့ ကတိနဲ့ တက်လာခဲ့တဲ့ ဥရောပရဲ့ လက်ဝဲဝါဒီ ခေါင်းဆောင်တယောက်ဖြစ်သူ ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်ရဲ့ လူယုံအသိုက်အဝန်းနဲ့ ပတ်သက်နေတဲ့ အဂတိမှုများစွာထဲက တခုဖြစ်ပါတယ်။

လက်ရှိမှာ ဝန်ကြီးချုပ် ဆန်းချက်ဇ်ဟာ မဟာမိတ်တွေရဲ့ ဝေဖန်မှုကိုပါ ခံနေရပေမဲ့ သူကိုယ်တိုင် ကတော့ ဘယ်အမှုမှာမှ နာမည်ပါဝင်ခြင်း မရှိသလို ဒါတွေဟာ သူ့ကို ရာထူးက ဖယ်ရှားဖို့ လုပ်ကြံ တိုက်ခိုက်နေတာလို့ ပြောဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013