DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် တွဲကားတစီး လမ်းဘေးထိုးကျ၊ ယာဉ်နောက်လိုက် ပြုတ်ကျပြီး ဘီးဖြင့် အကြိတ်ခံရ
DVB
·
May 11, 2019
မုံရွာတွင် တွဲကားတစီး လမ်းဘေးထိုးကျ၊ ယာဉ်နောက်လိုက် ပြုတ်ကျပြီး ဘီးဖြင့် အကြိတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့ပတ်လမ်း၊ တင်ဝင်းထွန်းသစ်ပါးလွှာစက်ရုံအနီးမှာ မေလ ၁၁ ရက်နေ့ မနက်အစောပိုင်းက တွဲကား ၁ စီးက အရှိန်မထိန်းဘဲ လမ်းဘေးရေမြောင်းထဲထိုးကျရာမှ ယာဉ်နောက်လိုက် ပြုတ်ကျပြီး တွဲကားနောက်ဘီးနဲ့ တက်ကြိတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ ဖြိုးဇင်ဦး (၂၀ နှစ်) မှာ ခန္ဓာကိုယ်အပေါ်ပိုင်း ကားကြိတ်ခံရလို့ နေရာတင်သေဆုံးခဲ့ပြီး ယာဉ်မောင်း ဝင်းနိုင်မှာ ခန္ဓာကိုယ် နာကျင်ဒဏ်ရာတွေရခဲ့လို့ မုံရွာဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေပါတယ်။

ယာဉ်တိုက်မှုကြောင့် MDY 9I/8134၊ TLR-7914 FOTON AUMAN ၂၂ ဘီးယာဉ်မှာ ဦးခေါင်းပိုင်းအချို့ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု ကျပ် ၇ သိန်း ရှိခဲ့တဲ့တယ်လို့ သိရပါတယ်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်အောက်မှာ ပိနေတဲ့ ယာဉ်နောက်လိုက်ကို မုံရွာခရိုင် မီးသတ်တပ်ဖွဲ့မှ လ/ထ ညွှန်ကြားရေးမှုး ဦးညီညီဇော် ဦးဆောင်တဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကယ်ထုတ်ခဲ့ရပါတယ်။

ဒီနှစ်အတွင်း ရှာဖွေကယ်ဆယ်ရေးအနေနဲ့ သင်္ကြန်တွင်း ရေနစ်တာတွေကိုသာ အဓိက ရှာဖွေကယ်ဆယ်ခဲ့ရသေးတယ်လို့ သိရပါတယ်။

ယာဉ်မတော်တဆမှုဖြစ်ရတာနဲ့ပတ်သက်ပြီး ယာဉ်မောင်းကို Alcohol Tester နဲ့ စစ်ဆေးစမ်းသပ်ချက်အရ အရက်သေစာ သောက်စားထားတာ မရှိဘူးလို့ သိရပါတယ်။

လူသေတဲ့အထိ ဖြစ်ပေါ်အောင် ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်းဝင်းနိုင်ကို မုံရွာမြို့မရဲစခန်းမှာ ယာဉ်(ပ) ၅၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)၊ ၃၃၈ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013