DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း ခွေး၊ ကြောင် ၈၀၀၀၀ ခန့်ကို ​ခွေးရူး​ရောဂါကာကွယ်​​ဆေး အခမဲ့ထိုးပေး
DVB
·
May 11, 2019
ဧရာဝတီတိုင်းအတွင်း ခွေး၊ ကြောင် ၈၀၀၀၀ ခန့်ကို ​ခွေးရူး​ရောဂါကာကွယ်​​ဆေး အခမဲ့ထိုးပေး
Donate to DVB

ဧရာဝတီတိုင်း​ဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်မှာ  ခွေးရူးရောဂါ မဖြစ်ပွားစေဖို့ မေလ လဆန်းပိုင်းကစတင်ပြီး ခွေး၊ ကြောင် အကောင် ၈ သောင်းလောက်ကို ခွေးရူးရောဂါကာကွယ်ရေး အခမဲ့ ထိုးနှံပေးနေပါတယ်။

မြို့နယ် တမြို့နယ်ကို ခွေး၊ ကြောင် အကောင်ရေ ၃၀၀ နှုန်းနဲ့ မေလအတွင်း ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးနေတာပါ။

ခွေး​မှ​ခွေးရူ​ရောဂါမဖြစ်​ပွား​စေဖို့နဲ့ ခွေးတွေနဲ့ လက်​ပွန်းတတီး​နေထိုင်​​တဲ့ ခွေးပိုင်​ရှင်​တွေအ​နေနဲ့ ​ခွေးရူး​ရောဂါမကူးဆက်​​စေဖို့ ​ရည်​ရွယ်​ပြီး တိုင်းဒေသကြီးအစိုးရရဲ့ စီမံချက်​နဲ့ ခွေးရူး​ရောဂါကာကွယ်​​ဆေး အခမဲ့ထိုးနှံပေးနေတာလို့ ဖျာပုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မြင့်က ပြောပါတယ်။

ဧရာဝတီတိုင်း​ဒေသကြီးရန်​ပုံ​ငွေနဲ့ ​စီမံချက်​ချပြီး ခွေးရူး​ရောဂါကာကွယ်​​ဆေးကို တိုင်း​ဒေသ

ကြီးအတွင်းရှိ မြို့နယ်​​ပေါင်း ၂၆ မြို့နယ်​မှ တ​မြို့ နယ်​ကို ​​ခွေးရူးကာကွယ်​​ဆေးအလုံး ၃၀၀ အား​ မေလအတွင်း ခွေ၊ ကြောင်အကောင်ရေ ၇၈၀၀ ထိုးနှံသွားမယ်လို့ သိရပါတယ်။

ဖျာပုံမြို့နယ်မှာတော့ ခွေး ၁၆၉ ​ကောင်​နဲ့ ​ကြောင်​အ​ကောင်​​ရေ ၇၀ ​အား ထိုးနှံပြီးဖြစ်​တယ်လို့ သိရပါတယ်။

ကျော်စိုးမိုး (ဖျာပုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013