
အမေရိကန် လေကြောင်းပြပွဲတခုမှာ တိုက်လေယာဉ် ၂ စင်း လေထဲမှာတိုက်မိပြီး ပျက်ကျခဲ့ပါတယ်။
လေယာဉ်အမှုထမ်း ၄ ယောက်စလုံး လေထီးနဲ့ အရေးပေါ်ဆင်းသက်နိုင်ခဲ့ပြီး အခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
မေ ၁၇ ရက်က အိုင်ဒါဟိုပြည်နယ်၊ မောင်တိန်ဟုမ်း လေတပ်စခန်းမှာ ကျင်းပတဲ့ Gunfighter Skies လေကြောင်းပြပွဲမှာ မတော်တဆ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ပျက်ကျခဲ့တဲ့ လေယာဉ်တွေဟာ ဝါရှင်တန်ပြည်နယ်က အမေရိကန်ရေတပ် EA-18G Growler တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။
အဲဒီလေယာဉ်တွေဟာ တစင်းကို ကန်ဒေါ်လာ ၆၇ သန်း တန်ကြေးရှိပါတယ်။ လေယာဉ်တွေ ပျက်ကျအပြီး မီးလောင်ခဲ့တဲ့အတွက် လေတပ်စခန်းကို ခေတ္တပိတ်ထားခဲ့ပါတယ်။ ကျန်တဲ့ လေကြောင်းပြပွဲ အစီအစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
အခုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီး မြေပြင်ပေါ်က ဘယ်သူမှ ထိခိုက်မှုမရှိခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီလေကြောင်းပြပွဲကို ၂၀၁၈ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး အဲဒီတုန်းကလည်း ဂလိုက်ဒါ လေယာဉ်မှူးတယောက် သေဆုံးခဲ့ပါတယ်။










