DVB Logo
Home
မြန်မာသတင်း
သာယာဝတီနှင့် ပြည်မြို့အကျဉ်းထောင်မှ အကျဉ်းသား ၃၀၀ ကျော် လွတ်မြောက်
DVB
·
April 26, 2019
သာယာဝတီနှင့် ပြည်မြို့အကျဉ်းထောင်မှ  အကျဉ်းသား ၃၀၀ ကျော် လွတ်မြောက်
Donate to DVB

ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်နဲ့ ပြည်မြို့အကျဉ်းထောင်တွေကနေ   နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်နဲ့ အကျဉ်းသူ အကျဉ်းသား ၃၀၀ ကျော် ဒီကနေ့ ပြန်လည်လွတ်မြောက်လာပါတယ်။

သာယာဝတီအကျဉ်းထောင်ကနေ အကျဉ်းသား ၂၀၁ ဦး၊ အကျဉ်းသူ ၈ ဦး စုစုပေါင်း ၂၀၉ ဦး လွတ်မြောက်လာပြီး လွတ်မြောက်တဲ့ အကျဉ်းသား/သူတွေကို သက်ဆိုင်ရာ ကားဂိတ်နဲ့ ဘူတာတွေထံကို အကျဉ်းထောင်ဝန်ထမ်းတွေကိုယ်တိုင် ပို့ဆောင်ပေးခဲ့တယ်လို့ သာယာဝတီ အကျဉ်းထောင်တာဝန်ရှိ သူတဦးက ပြောပါတယ်။

အလားတူ ပဲခူးတိုင်း ပြည်မြို့ အကျဉ်းထောင်ကနေ အကျဉ်းသား ၁၀၁ဦး နဲ့ အကျဉ်းသူ ၄ ဦး စုစုပေါင်း ၁၀၅ ဦး ပြန်လွတ်မြောက်လာပြီး အများစုက မူးယစ်ဆေးဝါးမှုတွေနဲ့  ထောင်ဒဏ် ကျခံနေရသူတွေ ဖြစ်တယ်လို့ ထောင်ပိုင် ဦးမင်းဝေကပြောပါတယ်။

လွတ်မြောက်လာသူအများစုက နယ်ဝေးဘက်တွေကများပြီး ၅ နှစ်အထက်နဲ့  ၁၀ ကျော် ထောင်ဒဏ်ကျခံရသူတွေလည်း ပါဝင်လာပါတယ်။

မူးယစ်ဆေးဝါးမှုနဲ့ ထောင် ၁၁ နှစ်ကျပြီး ထောင်ထဲမှာ ၄ နှစ်ခွဲနေပြီး ပြန်လွတ်လာတဲ့ ကိုဇော်နိုင်ဦးကတော့ သူဟာ  စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ဘက်ကဖြစ်ပြီး ထောင်က အိမ်ပြန်ပေးဖို့ကိုလည်း စီစဉ်ပေးခဲ့တယ်လို့ ပြောပါတယ်

ပြည်မြို့အကျဉ်းထောင်ကနေ  ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်နေ့ ပထမအကြိမ် သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့် ထုတ်ပြန်တုန်းကလည်း အကျဉ်းသား ၆၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

နိုင်ငံတ၀န်း အကျဉ်းထောင်အသီးသီးကနေ နိုင်ငံသားအကျဉ်းသား၊ အကျဉ်းသူပေါင်း  ၆၉၄၈ ဦးကို မနေ့ညက ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်နဲ့ သမ္မတက ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

သတင်း/ဓာတ်ပုံ- ဝဏ္ဏထွန်း၊မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013