
စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တို့မှာ ဒီမနက်က မြေငလျင်တွေ လှုပ်ရှားသွားတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
မနက် ၁၁ နာရီ ၄၉ မိနစ်လောက်က ကန့်ဘလူမြို့ရဲ့ အရှေ့တောင်ဘက် ၄၃ မိုင်လောက်မှာ မြေအောက်အနက် ၁၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၃ ဒသမ ၈ မဂ္ဂနီကျုရှိတဲ့ ငလျင်တခု လှုပ်ရှားခဲ့ပါတယ်။
ဒီမနက်အစောပိုင်း ၅ နာရီခွဲလောက်ကလည်း ကျွန်းလှမြို့ရဲ့ အရှေ့ဘက် ၁၈ မိုင်လောက်ကို ဗဟိုပြုပြီး မြေအောက်အနက် ၁၅ ကီလိုမီတာမှာ အင်အားပမာဏ ၃ ဒသမ ၆ မဂ္ဂနီကျုရှိတဲ့ ငလျင်တခု လှုပ်ရှားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီငလျင်တွေဟာ အင်အားပြင် စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲတွေဖြစ်ပြီး နောက်ဆက်တွဲ မြေငလျင်သတင်းအမှတ်စဉ် ၂၉၃၊ ၂၉၄ အဖြစ် ထုတ်ပြန်ထားတာဖြစ်ပါတယ်။










