
ဖီဖာဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုဟာ ဖိအားတွေ ဆက်တိုက် ရင်ဆိုင်နေရပြီး အခုနောက်ဆုံးမှာတော့ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မင်းသား အလီဘင်ဟူစိန်က သူ့ကို ခြိမ်းခြောက် ငွေညှစ်မှုလုပ်တယ်ဆိုပြီး တိုက်ရိုက်စွပ်စွဲလိုက်ပါတယ်။
ဒီစွပ်စွဲချက်ကြောင့် အင်ဖန်တီနိုအပေါ် ဖိအားတွေ ပိုမိုတိုးလာပါတယ်။ ဂျော်ဒန်မင်းသား ဟူစိန်ရဲ့ ထုတ်ပြန်ချက်အရ အင်ဖန်တီနိုဟာ ဂျော်ဒန်အသင်း ရရှိရမဲ့ဆုကြေးငွေတွေကို ကြာမြင့်စွာ ပေးအပ်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ သူ့ကို ဖီဖာဥက္ကဋ္ဌအဖြစ် စတုတ္ထအကြိမ်မြောက် ထောက်ခံပေးမှသာ ပြဿနာတွေကို ဖြေရှင်းပေးမယ်လို့ ပြောဆိုခဲ့ကြောင်းလည်း စွပ်စွဲထားပါတယ်။
အာရှနိုင်ငံတွေထဲမှာ ဂျော်ဒန်ဟာ အင်ဖန်တီနိုကို ပထမဆုံး ဆန့်ကျင်လိုက်တာဖြစ်ပြီး ဥရောပနဲ့ မြောက်အမေရိကအဖွဲ့ချုပ်တွေကလည်း သူ့ကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုထားပါတယ်။










