DVB Logo
Home
မြန်မာသတင်း
တခုတည်းသော တပ်မတော်ကို နိုင်ငံရေးအာမခံချက်ရှိမှ စဉ်းစားမည်ဟု UWSP ပြော
DVB
·
April 19, 2019
တခုတည်းသော တပ်မတော်ကို နိုင်ငံရေးအာမခံချက်ရှိမှ စဉ်းစားမည်ဟု UWSP ပြော
Donate to DVB

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) အနေနဲ့ တခုတည်းသော တပ်မတော်ကို လက်သင့်ခံပေမယ့် နိုင်ငံရေးအရ အာမခံချက်ရှိလာမှ အဲဒီကိစ္စ စဉ်းစားမယ်လို့ UWSP ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ပြောပါတယ်။

“ဗိုလ်ချုပ်မှူးကြီး ပြောခဲ့တဲ့စကားဟာ တနိုင်ငံမှာ တပ်မတော်တခုပဲ ရှိရမယ်ဆိုတာ ကျနော်တို့လည်း သဘောပေါက်တယ်၊ နားလည်တယ်၊ ဖြစ်လည်းဖြစ်သင့်တယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံရဲ့ သမိုင်းကြောင်း၊ တိုင်းရင်းသား ပြဿနာတွေကြောင့် တပ်အင်အားနည်းတဲ့ တိုင်းရင်းသားထဲမှာဆိုရင် နိုင်ငံတော်အစိုးရနဲ့ မပြေလည်ရင် တိုက်ခံရပြီ၊ အာမခံချက်မရှိဘူး။ ပြည်သူလူထု အာမခံချက် မရှိတော့ဘူး။ တပ်ကိုတည်ဆောက်တာက ကိုယ့်လူမျိုး ကိုယ့်ပြည်သူကို ကာကွယ်နိုင်ဖို့ တည်ဆောက်ထားတာ အစိုးရကို တိုက်မှာမဟုတ်ဘူး။ ဆွေးနွေးတဲ့ကာလမှာ မပြေလည်တာတွေရှိတယ်၊ ပြေလည်သွားရင် တပ်တည်ဆောက်ဖို့ မလိုလားဘူး။ လက်နက်ကိုင်ဖို့ မလိုလားဘူး။ ဒေသနဲ့ လူထုဖွံ့ဖြိုးရေးလုပ်ရင် ကောင်းတယ်၊ နယ်နိမိတ်နဲ့ တန်းတူရေးတွေ မရသေးတဲ့ ကာလမို့လို့ တပ်တည်ဆောက်ထားတာ၊ နိုင်ငံရေးအရ ပြေလည်သွားရင် ဘယ်လိုလုပ်သင့်လည်း အဲချိန်ကြရင် ပြန်စဉ်းစားမယ်။”

UWSA ဝတပ်ဖွဲ့ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ ကျင်းပတဲ့ ဝပြည်နယ်ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားအပြီး ဧပြီ ၁၈ ရက် ညနေက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အနေနဲ့ FPNCC မှာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြဖို့ ဖွဲ့စည်းတာဖြစ်ပြီး တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးဖို့ ဖွဲ့ထားတာ မဟုတ်ဘူးလို့ ပြောပါတယ်။

UWSA ရဲ့ တပ်အင်အားက တိုက်ပွဲကြုံခဲ့ရင် စစ်မှုထမ်းနိုင်ဖို့၊ ပြည်သူအားလုံး စစ်အင်အားတွေ ဖြစ်တယ်လို့လည်း ဦးကျောက်ကော်အန်းက ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013