DVB Logo
Home
မြန်မာသတင်း
တမူးတွင် တရားမ၀င် ၀င်ရောက်လာသည့် နယ်သာလန်နိုင်ငံသားကို ဖမ်းမိ
DVB
·
April 6, 2019
တမူးတွင် တရားမ၀င် ၀င်ရောက်လာသည့် နယ်သာလန်နိုင်ငံသားကို ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ တရားမ၀င် ၀င်ရောက်လာတဲ့ နယ်သာလန်နိုင်ငံသား ၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၅ ရက်နေ့ မွန်းလွဲပိုင်းက တမူး-ကလေး ကားလမ်းမမှာ တမူးမြို့လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ၄ မိုင်လုံခြုံရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့က ကလေးမြို့ဘက်ကနေ တမူးမြို့ဘက်ကို ကိုမြင့်သူ မောင်းနှင်တဲ့ 5M/×××× ချင်းတောင်တန်းခရီးသည်တင်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှ နယ်သာလန်နိုင်ငံသား Mr.Athla Mohamed Awad (၃၅) နှစ်အား တရားဝင်နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်မပါဘဲ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းချက်အရ ထိုင်းနိုင်ငံကဆင့် မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့ကို တရားမဝင် ဝင်ရောက်လာပြီး အငှားယာဉ်နဲ့ ရန်ကုန်မြို့ကို မတ်လ ၂၇ ရက်နေ့က ရောက်ရှိကာ ဧပြီ ၅ ရက်နေ့မှာ တမူးမြို့ကို ထွက်ခွာလာစဉ် ဖမ်းဆီးခံရတာလို့ ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။

နယ်သာလန်နိုင်ငံသား Mr.Athla Mohamed Awad အား တမူးမြို့မရဲစခန်း လဝကအက် ၁၃(၁) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013