
ဘာစီလိုနာကြယ်ပွင့် လာမိန်းယာမဲလ်ဟာ ပေါင်နောက်ကြောဒဏ်ရာကြောင့် ဒီရာသီ လက်ကျန် ကလပ်ပွဲစဉ် အားလုံးကို လွဲချော်မှာဖြစ်ပေမဲ့ ကမ္ဘာ့ဖလားအမီမှာတော့ ပြန်လည်သက်သာလာဖို့ ရှိနေပါတယ်။
အသက် ၁၈ နှစ်အရွယ် ယာမဲလ်ဟာ ဆဲလ်တာဗီဂိုနဲ့ပွဲမှာ ပင်နယ်တီကန်သွင်းအပြီး ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ခွဲစိတ်မှုလုပ်စရာမလိုဘဲ ပုံမှန်ကုသမှုအတိုင်းသာ ခံယူသွားမှာဖြစ်တယ်လို့ အသင်းက အတည်ပြုခဲ့ပါတယ်။
ယာမဲလ်ကိုယ်တိုင်ကလည်း အသင်းအတွက် အရေးကြီးချိန်မှာ မကူညီနိုင်လို့ စိတ်မကောင်း ဖြစ်ရပေမဲ့ ပိုသန်မာတဲ့ပုံစံနဲ့ ပြန်လာမယ်လို့ ပရိသတ်တွေကို အားပေးစကား ပြောထားပါတယ်။
စပိန်အသင်းရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ဟာ ဇွန် ၁၅ ရက်မှာ စတင်မှာဖြစ်လို့ ယာမဲလ်အနေနဲ့ ကြံ့ခိုင်မှု ပြန်ပြည့်ဝလာဖို့ ရက်ပေါင်း ၅၀ ကျော် အချိန်ရရှိဦးမှာပါ။ ဒါကြောင့် ကမ္ဘာ့ဖလားမှာ သူ့ကို ပြန်မြင်ရဖို့ အခြေအနေ တော်တော်လေး ကောင်းနေပါတယ်။
Photo: Reuters










