DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
ဘရာဇီးတွင် ကမ္ဘာ့ဖလား အမှတ်တရပစ္စည်းများ ရောင်းအားကောင်း
DVB
·
June 11, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမှာ ဘောလုံးအင်္ကျီတွေနဲ့ ကမ္ဘာ့ဖလား အမှတ်တရပစ္စည်းတွေ ဝယ်ယူနိုင်အောင် ဈေးရောင်းသူတွေက ပြင်ဆင်ထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အားပေးဖို့ အားကစားအင်္ကျီတွေနဲ့ အမှတ်တရပစ္စည်းတွေ ဘရာဇီးနိုင်ငံမှာ ရောင်းအားကောင်းနေပါတယ်။

ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ကြိမ် ဗိုလ်စွဲထားပြီး ပရိသတ်တွေက ၆ ကြိမ်မြောက် ဗိုလ်စွဲဖို့ မျှော်လင့်နေပါတယ်။

ရီယိုဒီဂျနေရိုးမြို့ရှိ လမ်းမဈေးတန်းတွေမှာ အဝါရောင်နဲ့ ကျောက်စိမ်းရောင် ဘရာဇီးအသင်း အင်္ကျီတွေကို အသက်အရွယ်မရွေး စိတ်ဝင်တစား ဝယ်ယူနေကြပါတယ်။

ပရိသတ်ကြီးငယ်မရွေးက သူတို့နိုင်ငံအသင်းရဲ့ အရောင်ကို ကမ္ဘာ့ဖလား ကျင်းပတဲ့အချိန်မှာ ပြသနိုင်ဖို့ ဆန္ဒပြင်းပြနေတာ ဖြစ်ပါတယ်။

လမ်းမတွေပေါ်က အသံတွေက ဘရာဇီးအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ မျှော်လင့်ချက်ကို ထင်ဟပ်စေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု C မှာ မော်ရိုကို၊ ဟေတီ၊ စကော့တလန်တို့နဲ့ တအုပ်စုတည်း ကျနေပါတယ်။

ဘရားဇီးအသင်းဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အမြင့်ဆုံး ဆီမီးဖိုင်နယ်ကို တကြိမ်သာ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့  ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခရိုအေးရှားကို ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကို၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့မှာ ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013