DVB Logo
Home
မြန်မာသတင်း
SSPP နှင့် ဖြစ်ပွားနေသည့်တိုက်ပွဲ ရပ်စဲကြောင်း RCSS ကြေညာ
DVB
·
March 22, 2019
SSPP နှင့် ဖြစ်ပွားနေသည့်တိုက်ပွဲ ရပ်စဲကြောင်း RCSS ကြေညာ
Donate to DVB

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကို မတ်လ ၂၀ ရက်ကစပြီး အပစ်အခတ် ရပ်ထားတယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မတ်လ ၂၁ ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြတာဖြစ်ပြီး RCSS အနေနဲ့ တိုက်ပွဲတွေကို မိမိကိုယ်ကို ခုခံကာကွယ်ခဲ့တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာသာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တပ်မတော်ဘက်ကလည်း ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခလျော့ချရေး၊ တိုက်ပွဲရှောင်ပြည်သူလူထုတွေ မူလနေရပ် ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် RCSS ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တပ်မတော်တို့ သုံးပွင့်ဆိုင်တွေ့ဆုံဖို့ အဆိုပြုချက်ကို ကောင်းသောအဆိုပြုချက်အဖြစ် ရှုမြင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

နယ်မြေစိုးမိုးရေးပြဿနာကြောင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ဟာ  ၂၀၁၈ကစပြီး အခု၂၀၁၉ ခုမတ်လ အထိ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာပါ။

တိုက်ပွဲကြောင့် သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ ကျေးသီး၊ မိုင်းကိုင် စတဲ့မြို့နယ်တွေက ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသလို တိုက်ပွဲတွေကြောင့်လည်း အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတာပါ။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး အန်အေစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကတော့ အန်စီအေမှာ ပါဝင် လက်မှတ်ရေးထိုးခြင်းမရှိသေးပါဘူး။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013