DVB Logo
Home
မြန်မာသတင်း
မှန်ကန်သည့်စေတနာဖြင့် ပူးပေါင်းကြရန် ကိုယ်စားလှယ်များကို လွှတ်တော်နာယက တိုက်တွန်း
DVB
·
March 16, 2019
မှန်ကန်သည့်စေတနာဖြင့် ပူးပေါင်းကြရန် ကိုယ်စားလှယ်များကို လွှတ်တော်နာယက တိုက်တွန်း
Donate to DVB

ကိုယ်စားလှယ်တွေအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဆောင်ရွက်နေချိန်မှာ မှန်ကန်တဲ့စေတနာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လွှတ်တော်နာယကက တိုက်တွန်းလိုက်ပါတယ်။

မတ် ၁၅ ရက်နေ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အပိတ်အမှာစကားမှာ ပြောကြားခဲ့တာပါ။

"လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ထောင်ဖို့ ကြိုးစားဆောင်ရွက်နေကြတဲ့ အခုလိုကာလမှာ နိုင်ငံတော်နဲ့ နိုင်ငံသား ပြည်သူတွေအတွက် မှန်ကန်တဲ့ စေတနာနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်" လို့ ဦးတီခွန်မြတ်က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ရေး လုပ်ငန်းစဉ်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းပြီး ကော်မတီအတွင်း ဆွေးနွေးဆောင်ရွက်နေသလို ကြံ့ခိုင်ရေးပါတီက တင်သွင်းထားတဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးတဲ့ အစီအစဉ်ကိုလည်း ဒီကနေ့ အပြီးဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကျန်ရှိတဲ့ လုပ်ငန်းစဉ်တွေကို လာမယ့် ၁၂ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ဆက်လက်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

၁၁ ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ ဥပဒေကြမ်း ၁၃ ခုကို အတည်ပြုနိုင်ခဲ့တဲ့အပြင် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွေနဲ့ဆိုင်တဲ့ ကိစ္စရပ် ၅ ခုနဲ့ အဖွဲ့အစည်းဆိုင်ရာ အစီရင်ခံစာ ၅ ခု အပါအဝင် လွှတ်တော်ဆိုင်ရာ တခြားကိစ္စရပ်တွေအတွက် ဆွေးနွေး၊ ဆုံးဖြတ်၊ မှတ်တမ်းတင်တာတွေလည်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

နေဖြိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013