DVB Logo
Home
မြန်မာသတင်း
ဦးတီခွန်မြတ်နေအိမ် ခရစ္စမတ် နေ့လယ်စာစားပွဲ သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
DVB
·
December 30, 2018
ဦးတီခွန်မြတ်နေအိမ် ခရစ္စမတ် နေ့လယ်စာစားပွဲ သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
1 / 2
Donate to DVB

နိုင်ငံတော်သမ္မတ ဦးဝင်းမြင်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေအိမ်မှာ ကျင်းပတဲ့ ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ၀တ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာစားပွဲကို တက်ရောက်ခဲ့ပါတယ်။

ဒီပွဲကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ရဲ့ နေအိမ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းတည့်က ကျင်းပခဲ့တာပါ။



နေ့လယ်စာစားပွဲကို သမ္မတ ဦးဝင်းမြင့် နဲ့ဇနီး ဒေါ်ချိုချို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ လွှတ်တော်ဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။

နေ့လယ်စာစားပွဲမှာ နေပြည်တော် ခရစ်ယာန် အသင်းတော်များကောင်စီ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာတင်မောင်အေးက ခရစ္စမတ် ဆုမွန်ကောင်းတောင်း ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူတွေက ခရစ္စမတ် တေးသီချင်းတွေ သီဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ - ပြည်သူ့လွှတ်တော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013