DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ပြက္ခဒိန်အတိုင်း လွှတ်တော်အသီးသီး ပထမဆုံး အစည်းအဝေး စတင်ကျင်းပ
DVB
·
November 12, 2018
လွှတ်တော်ပြက္ခဒိန်အတိုင်း  လွှတ်တော်အသီးသီး ပထမဆုံး အစည်းအဝေး စတင်ကျင်းပ
Donate to DVB

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ လွှတ်တော်ပြက္ခဒိန်နဲ့အညီ လွှတ်တော်အသီးသီးရဲ့ ဒသမအကြိမ် လွှတ်တော်အစည်းအဝေးတွေကို နိုဝင်ဘာ ၁၂ ရက် ဒီနေ့ စတင်ကျင်းပလိုက်ပါတယ်။

လွှတ်တော်ကျင်းပမယ့်ရက် ထုတ်ပြန်ထားပြီးဖြစ်လို့ လုပ်ငန်းတွေ ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အဖွင့်အမှာစကားမှာ ပြောပါတယ်။

“၂၀၁၉ ခုနှစ်အတွင်း လွှတ်တော်အသီးသီးရဲ့ ပုံမှန်အစည်းအဝေးများ ကျင်းပပြုလုပ်မယ့် လျာထားချက်ကာလကို နေ့ရက်တွေနဲ့တကွ အမိန့်ကြေညာစာ ထုတ်ပြန်ဆောင်ရွက် ထားရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနဲ့ လွှတ်တော်အသီးသီးတို့ရဲ့ လွှတ်တော်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ရာမှာ အခုလို လွှတ်တော် ပုံမှန်အစည်းအဝေးများ တနှစ်စာ လျာထားကာလ ထုတ်ပြန်ပေးနိုင်တဲ့အတွက် လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေဖို့ မျှော်လင့်ပါတယ်။”

ဒါပေမယ့် လွှတ်တော်အသီးသီးရဲ့ လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်ပြီး လျထားကာလ နေ့ရက်များ ပြောင်းလဲမှုရှိနိုင်ကြောင်းကိုလည်း ကြိုတင်ပြီး အသိပေး ပြောကြားလိုတယ်လို့ ဆိုပါတယ်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ရဲ့ ဒသမအကြိမ် အစည်းအဝေးများကို ၂ လကျော်လောက် ရပ်နားထားရာက ဒီနေ့ စတင်ကျင်းပခဲ့ပါတယ်။

လွှတ်တော်တွေကို စောင့်ကြည့်လေ့လာနေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့က ဦးအေးကျော်က ဒီနေ့စတင်တဲ့ လွှတ်တော်အသီးသီးဟာ မြန်မာလွှတ်တော်သမိုင်းမှာ လွှတ်တော်ပြက္ခဒိန်နဲ့ စတင်တဲ့ ပထမဆုံးလွှတ်တော်တွေလို့ ဆိုပါတယ်။

“ဒီအစည်းအဝေးများဟာ မြန်မာ့လွှတ်တော်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာတဲ့ လွှတ်တော်ပြက္ခဒိန်အရ ကျင်းပတဲ့ ပထမဆုံး လွှတ်တော်အစည်းအဝေးများလည်း ဖြစ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် လွှတ်တော်ပြက္ခဒိန် ရေးဆွဲထုတ်ပြန်နိုင်ခြင်းဟာ မြန်မာ့လွှတ်တော်တွေရဲ့ တိုးတက်မှုဖြစ်ပြီး ကြိုဆိုအသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။”

မကြာသေးခင်က ထုတ်ပြန်ထားတဲ့ လွှတ်တော်ပြက္ခဒိန်မှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ကျင်းပဖို့ရှိတဲ့ လွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပမယ့်ရက်တွေနဲ့ ရပ်နားထားမယ့်ရက်တွေကို လျာထားဖော်ပြထားပါတယ်။

အဲဒီကာလအတွင်းမှာ ဒသမပုံမှန်အစည်းအဝေးကနေ ၁၄ ကြိမ်မြောက် အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး စုစုပေါင်း ၅ ကြိမ် ကျင်းပဖို့ လျာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013