DVB Logo
Home
မြန်မာသတင်း
လှိုင်မြို့နယ်ရှိ သောက်ရေသန့် လုပ်ငန်းတခုကို အက်ဖ်ဒီအေ ပိတ်သိမ်း
DVB
·
March 15, 2019
လှိုင်မြို့နယ်ရှိ သောက်ရေသန့် လုပ်ငန်းတခုကို အက်ဖ်ဒီအေ ပိတ်သိမ်း
Donate to DVB

တိုင်ကြားချက်အရ လှိုင်မြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိတဲ့ သောက်ရေသန့် လုပ်ငန်းတခုကို အက်ဖ်ဒီအေက ရှောင်တခင်စစ်ဆေးပြီး စက်ရုံပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

တိုင်ကြားချက်အရ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (အက်ဖ်ဒီအေ) က လှိုင်မြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိတဲ့ အေးမြကြည် သောက်ရေသန့်လုပ်ငန်းကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့တာလို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီရေသန့်လုပ်ငန်းမှာ စက်ရုံဖွဲ့စည်းပုံ (Layout) မရှိတာ၊ စက်ရုံထုတ်လုပ်မှုအလိုက် အခန်းမရှိတာ၊ စက်ကိရိယာများ ကောင်းမွန်စွာ အလုပ်မလုပ်တာနဲ့ ထိန်းသိမ်းမှုမရှိတာ၊ စက်ရုံအတွင်း သန့်ရှင်းမှု မရှိတာတွေကြောင့် ကောင်းမွန်တဲ့ ထုတ်လုပ်မှုကျင့်စဉ် (GMP) နဲ့  ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရလို့ စက်ရုံကို ပိတ်သိမ်းခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း မပြုဖို့ ခံဝန်ကတိရေးထိုးခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသား အစားအသောက်ဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013