DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလားထံမှ စစ်ရေးစရိတ် ၂၈ ဆ ပြန်ရပြီးပြီဟု ထရမ့်ပ် ပြော
DVB
·
June 24, 2026
Photo: REUTERS/Evelyn Hockstein
Photo: REUTERS/Evelyn Hockstein
Donate to DVB

ဗင်နီဇွဲလားကို ၄၈ မိနစ်ကြာ စစ်ပွဲဆင်နွှဲပြီးနောက် စစ်ရေးစရိတ် ၂၈ ဆလောက် တန်ကြေးရှိတဲ့ ရေနံတွေ ထုတ်ယူပြီးပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

ပင်ဆယ်ဗေးနီးယားပြည်နယ်၊ မာကွန်ဂျီမှာ ပြုလုပ်တဲ့ လူထုစည်းဝေးပွဲမှာ ထရမ့်ပ်က အခုလို ပြောခဲ့တာပါ။

ထရမ့်ပ်က “ကျနော်တို့ ရေနံစည်တွေ သန်းနဲ့ချီပြီး ရရှိခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံကလည်း သူတို့နိုင်ငံရဲ့ သမိုင်းတလျှောက် မရဘူးတဲ့ငွေတွေ ရရှိခဲ့ပါတယ်။ ကျနော်တို့ ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တာပေါ့” လို့ ပြောဆိုခဲ့တာပါ။

အမေရိကန်မှာ အကောင်းဆုံးစစ်တပ်ရှိလို့ ၄၈ မိနစ်အတွင်း စစ်ဆင်ရေး အောင်မြင်ခဲ့တာလို့ ထရမ့်ပ်က ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံအောက်မှာ ရေနံတွေ အများကြီးရှိပြီး ရေနံတူးတဲ့အထဲမှာ အမေရိကန်ကလူတွေ ပါဝင်နေပါတယ်။

ထရမ့်ပ်က “ဗင်နီဇွဲလားဟာ လက်ရှိအချိန်မှာ ရေနံကနေရတဲ့ ပိုက်ဆံတွေကြောင့် ပျော်နေကြပါတယ်။ သူတို့မှာ ရေနံတွေရှိပေမဲ့ ဘယ်လိုလုပ်ရမှန်း မသိခဲ့ပါဘူး။ အဲဒါ မကောင်းတဲ့စနစ်တွေကြောင့် ဖြစ်ပြီး အခုအချိန်မှာ အရင်ကထက် ငွေတွေ အများကြီးရှာနိုင်ပြီ ဖြစ်တယ်” လို့ ပြောခဲ့တာပါ။

အမေရိကန်ဟာ သမ္မတ မာဒူရိုကို ဖမ်းဆီးခဲ့ပြီးနောက် ယာယီသမ္မတ ရိုဒရီဂွတ်ဇ်နဲ့ ရေနံ၊ သတ္တုဖွံ့ဖြိုးရေးတွေ ပူးပေါင်းဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013